ဖတ်ရှုရန် စာပိုဒ်
拝啓 初夏の候、貴社におかれましては、益々ご繁栄のこととお慶び申し上げます。 平素は、格別の御(注1)高配にあずかり、誠にありがとうございます。 さて、この度かねてより秋田県秋田市に建設を進めておりました秋田工場が完成し、7月1日より運転の運びとなりました。これも皆様のご支援の(注2)賜物と感謝しております。 尚、今回完成致しました工場は新型ロボット導入により大量生産が可能になりました。また当社各営業所と高速情報ネットワークで接続されておりますので、オンラインで出荷の指示ができます。これによりご注文から納品までの期間を大幅に短縮することが可能になりました。今後も当社は業務改善とサービス向上を目指して行く所存でございますので、変わらぬご支援を賜りますよう、心よりお願い申し上げます。(注3)甚だ簡単ではありますが工場開設のご挨拶とさせていただきます。敬具
ကိုးကားဘာသာပြန်ချက်
မြန်မာစာ
လေးစားအပ်ပါသော၊
နွေဦးရာသီအစတွင် လူကြီးမင်းတို့ကုမ္ပဏီ ပိုမိုဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ အမြဲမပြတ် အထူးဂရုစိုက်ကူညီပေးမှုအတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။
ယခုအခါ အာကီတခရိုင်၊ အာကီတမြို့တွင် တည်ဆောက်လျက်ရှိသော အာကီတစက်ရုံမှာ ပြီးစီးသွားပြီဖြစ်၍ ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ လည်ပတ်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဤသည်မှာလည်း လူကြီးမင်းတို့၏ ကူညီပံ့ပိုးမှုများ၏ ရလဒ်ဖြစ်သဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။
ထို့ပြင် ယခုပြီးစီးသွားသော စက်ရုံတွင် မော်ဒယ်သစ် ရိုဘော့များကို မိတ်ဆက်တပ်ဆင်ထားသဖြင့် အမြောက်အမြား ထုတ်လုပ်နိုင်ပြီဖြစ်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ အရောင်းဌာနခွဲအသီးသီးနှင့် အမြန်နှုန်းမြင့် သတင်းအချက်အလက် ကွန်ရက်ဖြင့် ချိတ်ဆက်ထားသဖြင့် အွန်လိုင်းမှတဆင့် ပစ္စည်းပေးပို့ရန် ညွှန်ကြားနိုင်ပါသည်။ ထို့ကြောင့် မှာယူသည့်အချိန်မှ ပစ္စည်းပေးပို့သည်အထိ အချိန်ကို အလွန်တရာ တိုတောင်းစေခဲ့ပါသည်။ နောင်တွင်လည်း ကျွန်ုပ်တို့ကုမ္ပဏီသည် လုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်ရေးနှင့် ဝန်ဆောင်မှုအဆင့်မြှင့်တင်ရေးတို့အတွက် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ပါသဖြင့် မပြောင်းလဲသော ကူညီပံ့ပိုးမှုများကို ဆက်လက်ပေးအပ်ပါရန် လှိုက်လှဲစွာ တောင်းဆိုအပ်ပါသည်။ စက်ရုံသစ်ဖွင့်လှစ်ခြင်းအတွက် ဤစာဖြင့် အကျဉ်းချုပ် နှုတ်ခွန်းဆက်သအပ်ပါသည်။
လေးစားစွာဖြင့်
ရွေးချယ်စရာ မေးခွန်းများ (1)
မေးခွန်း 1問1 新工場開設でどんな変化が生まれたか。