地域でできる!学び、遊び、楽しみ、社会貢献、国際交流参加申し込みは市民センター窓口で、または電話:04-5678-1234まで。 インドの伝統的カレーを作るサークル ナマステ 市内在住のインド人主婦が自慢の料理を教えてくれます。 毎月 第二水曜日 午前11時~ 参加費用:材料費+謝礼1,000円 折り紙クラブ 日本に古くからある折り紙。 国際的にも注目されています。 初心者からコンテスト入賞者まで、みんなで楽しく折りませんか。小さいお子さんも一緒に! 参加費無料 毎週水曜日午後4時~6時 みどり会 子どもたちが遊ぶ公園を花でいっぱいに。花作りは健康にもいいですよ。 水曜日 朝8時~9時 参加者募集中! 若い人も歓迎します。 茶道教室(表千家)わび庵 お茶は日本の心です。忙しい毎日から離れ、伝統の静けさの中でほっとひと息つきましょう。 毎週月曜日 朝10時~ 月謝:1,000円 ダンスサークル エレガント プロの指導で気軽に社交ダンスを楽しみましょう。スタイルもよく、健康になれなす。 木曜 午前10時~12時 会費:月2,000円 かすみ市点字サークル 目の不自由な方のために、いろいろな本を手で触って読める本に翻訳しています。 完成した本は随時図書館に寄贈します。 目標は1万冊! 毎週日曜日 午前10時~12時 フラダンスクラブ アロハ 腰をふるだけが、ハヮイの踊りではありません。 上品で神秘的な本当のフラを踊りましょう。 隔週月曜日午後 会費2,500円 うつせみ 日本伝統の着物の着方を覚えましょう。 月に一度、着物で外出するイベントも行ってます。 金曜 午後2時~4時 月謝 2,000えん 地域の伝統食を守ろう かすむ市の台所 地域の人々が昔から食べてきた伝統の料理をおばあちゃんたちから学びましょう。 健康的でおいしい郷土料理です。男性も歓迎。 毎週土曜日10時~12時 費用:実費 つばさ 子育て中のお母さん、集まれ! 子どもといっしょに遊んだり、勉強したり楽しく過ごしましょう。 毎週木曜日1時~3時 ※2歳児まで
ဒေသတွင်းမှာ ပါဝင်နိုင်ပါပြီ။ သင်ယူခြင်း၊ ကစားခြင်း၊ ပျော်ရွှင်ခြင်း၊ လူမှုရေးကူညီခြင်း၊ နိုင်ငံတကာဖလှယ်ခြင်း။ ပါဝင်ရန်လျှောက်လွှာများကို မြို့နယ်စင်တာ ကောင်တာတွင် သို့မဟုတ် ဖုန်း ၀၄-၅၆၇၈-၁၂၃၄ သို့ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
အိန္ဒိယရိုးရာ ကာရီဟင်းချက် အသင်း "Namaste"
မြို့ထဲမှာနေထိုင်တဲ့ အိန္ဒိယအိမ်ရှင်မက သူမရဲ့ ဂုဏ်ယူရတဲ့ ဟင်းချက်နည်းများကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။
လစဉ် ဒုတိယမြောက် ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီ~
ပါဝင်ကြေး - ကုန်ကျစရိတ် + ဆရာကန်တော့ပွဲ ၁,၀၀၀ ယန်း
အိုရီဂါမီ (စက္ကူခေါက်) ကလပ်
ဂျပန်နိုင်ငံမှာ ရှေးယခင်ကတည်းကရှိခဲ့တဲ့ စက္ကူခေါက်ပညာရပ်ပါ။ နိုင်ငံတကာမှာလည်း စိတ်ပါဝင်စားမှုရရှိနေပါတယ်။ အစပျိုးသူများမှသည် ပြိုင်ပွဲဆုရရှိသူများအထိ အားလုံးအတူတကွ ပျော်ရွှင်စွာ ခေါက်ကြည့်ရအောင်။ ကလေးငယ်များလည်း အတူတကွပါဝင်နိုင်ပါတယ်
ပါဝင်ကြေး အခမဲ့
အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီ ~ ၆ နာရီ
မိဒိုရိအသင်း
ကလေးများဆော့ကစားသည့် ပန်းခြံကို ပန်းများဖြင့် ပြည့်နှက်စေပါမည်။ ပန်းစိုက်ပျိုးခြင်းသည် ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါသည်။
ဗုဒ္ဓဟူးနေ့ နံနက် ၈ နာရီ ~ ၉ နာရီ
ပါဝင်သူများ ဖိတ်ခေါ်နေပါသည်၊ လူငယ်များကိုလည်း ကြိုဆိုပါသည်။
လက်ဖက်ရည်ပွဲသင်တန်း (အိုမိုတဲဆဲန်ခယ်) ဝါဘိအန်း
လက်ဖက်ရည်သည် ဂျပန်၏ နှလုံးသားဖြစ်ပါသည်။ အလုပ်ရှုပ်သော နေ့စဉ်ဘဝမှ ခေတ္တခွဲထွက်ပြီး ရိုးရာ၏ ငြိမ်သက်ခြင်းထဲတွင် အနားယူလိုက်ပါ။
အပတ်စဉ် တနင်္လာနေ့ နံနက် ၁၀ နာရီ~
လစဉ်ကြေး - ၁,၀၀၀ ယန်း
အကအသင်း Elegant
ကျွမ်းကျင်သူ၏ သင်ကြားမှုဖြင့် လူမှုရေးအကကို အလွယ်တကူ ပျော်ရွှင်စွာ ကကြစို့။ ခန္ဓာကိုယ်အချိုးအစား လှပပြီး ကျန်းမာစေပါသည်။
ကြာသပတေးနေ့ နံနက် ၁၀ နာရီ ~ ၁၂ နာရီ
အသင်းကြေး - တစ်လ ၂,၀၀၀ ယန်း
ခါဆူမိမြို့ မျက်မမြင်စာ အသင်း
အမြင်အာရုံချို့တဲ့သူများအတွက် စာအုပ်အမျိုးမျိုးကို လက်ဖြင့်ထိတွေ့ဖတ်ရှုနိုင်သော စာအုပ်များအဖြစ် ဘာသာပြန်ပေးနေပါသည်။ ပြီးစီးသွားသော စာအုပ်များကို စာကြည့်တိုက်သို့ လှူဒါန်းပေးလျက်ရှိသည်။ ပစ်မှတ်မှာ အုပ်ရေ ၁ သောင်းဖြစ်ပါသည်!
အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီ ~ ၁၂ နာရီ
ဟူလာအကကလပ် Aloha
ခါးလှုပ်ရုံမျှသာ ဟာဝိုင်ယီအက မဟုတ်ပါ။ ယဉ်ကျေးပြီး ဆန်းကြယ်သော အစစ်အမှန် ဟူလာအကကို ကကြစို့။
နှစ်ပတ်တစ်ကြိမ် တနင်္လာနေ့ မွန်းလွဲပိုင်း
အသင်းကြေး - ၂,၅၀၀ ယန်း
ဥဆွတ်ဆဲမိ
ဂျပန်ရိုးရာ ကီမိုနိုဝတ်ဆင်နည်းကို သင်ယူကြစို့။ တစ်လလျှင် တစ်ကြိမ် ကီမိုနိုဝတ်ပြီး အပြင်ထွက်သည့် ပွဲလည်း ရှိပါသည်။
သောကြာနေ့ မွန်းလွဲ ၂ နာရီ ~ ၄ နာရီ
လစဉ်ကြေး - ၂,၀၀၀ ယန်း
ဒေသတွင်း ရိုးရာအစားအစာများကို ထိန်းသိမ်းကြစို့ - ခါဆူမိမြို့၏ မီးဖိုချောင်
ဒေသခံများ ရှေးယခင်ကတည်းက စားသုံးလာခဲ့သော ရိုးရာဟင်းလျာများကို အဖွားများထံမှ သင်ယူကြစို့။ ကျန်းမာရေးနှင့်ညီညွတ်ပြီး အရသာရှိသော ဒေသထွက် ဟင်းလျာများဖြစ်ပါသည်။ အမျိုးသားများကိုလည်း ကြိုဆိုပါသည်။
အပတ်စဉ် စနေနေ့ ၁၀ နာရီ ~ ၁၂ နာရီ
စရိတ် - ကျသင့်ငွေအတိုင်း
ဆူဘာဆာ
ကလေးပြုစုပျိုးထောင်နေသော မေမေတို့ စုစည်းလိုက်ကြရအောင်! ကလေးနှင့်အတူ ကစားရင်း၊ လေ့လာရင်း ပျော်ရွှင်စွာ အချိန်ကုန်လွန်ကြစို့။
အပတ်စဉ် ကြာသပတေးနေ့ မွန်းလွဲ ၁ နာရီ ~ ၃ နာရီ ※၂ နှစ်အထိ ကလေးများသာ