ဖတ်ရှုရန် စာပိုဒ်
新しく(注1)銀行口座を開く場合は住民票、外国人登録証、健康保険証、運転免許証など住所がわかる書類が必要です。まずこの申込用紙にお名前とご住所とお話番号をお書きくださ い。カードをお申し込みの方は(注2)暗証番号もお願い致します。書き終わりましたらそちらで番号を取ってお名前をお呼びするまでお待ちください。
ကိုးကားဘာသာပြန်ချက်
မြန်မာစာ
ဘဏ်အကောင့်သစ် ဖွင့်လှစ်ပါက (မှတ်ချက် ၁) နေရပ်လိပ်စာ အတည်ပြုနိုင်သော သန်းခေါင်စာရင်း၊ နိုင်ငံခြားသားမှတ်ပုံတင်ကတ်၊ ကျန်းမာရေးအာမခံကတ် သို့မဟုတ် ယာဉ်မောင်းလိုင်စင် စသည့် စာရွက်စာတမ်းများ လိုအပ်ပါသည်။ ရှေးဦးစွာ ဤလျှောက်လွှာဖောင်တွင် အမည်၊ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်တို့ကို ရေးသွင်းပေးပါ။ ကတ် လျှောက်ထားသူများအနေဖြင့် (မှတ်ချက် ၂) လျှို့ဝှက်နံပါတ်ကိုပါ သတ်မှတ်ပေးပါရန် တောင်းဆိုပါသည်။ ရေးသွင်းပြီးပါက ဟိုဘက်တွင် နံပါတ်ကတ်ယူပြီး အမည်ခေါ်သည်အထိ စောင့်ဆိုင်းပေးပါ။
ရွေးချယ်စရာ မေးခွန်းများ (1)
မေးခွန်း 1問1 この銀行で口座を開くときしなくてもいいことはどれか。