ဖတ်ရှုရန် စာပိုဒ်
さくら祭りボランティアの募集 今年も4月1日にみんなの広場でさくら祭り(10時〜4 時)を行う予定です。ただいま当日のボランティアを募集しております。どなたでも結構ですからぜひご協力ください。午前あるいは午後だけでも結構です。募集人員:案内4名・放送4名自転車置き場整理10名売店30名・掃除20名 また同時に前日の準備をしてくださる方も3 0名募集しております。多ければ多いほど助かります。楽しい祭りになるように皆様のご協力をお待ちしております。桜祭り実行委員会
ကိုးကားဘာသာပြန်ချက်
မြန်မာစာ
ချယ်ရီပန်းပွဲတော် စေတနာ့ဝန်ထမ်း ခေါ်ယူခြင်း
ယခုနှစ်တွင်လည်း ဧပြီလ ၁ ရက်နေ့တွင် မင်းနနို ဟိရိုဘ ကွင်းပြင်၌ ချယ်ရီပန်းပွဲတော် (မနက် ၁၀ နာရီမှ ညနေ ၄ နာရီ) ကျင်းပရန် လျာထားပါသည်။ လက်ရှိတွင် ပွဲတော်နေ့အတွက် စေတနာ့ဝန်ထမ်းများကို ခေါ်ယူနေပါသည်။ မည်သူမဆို ပါဝင်နိုင်ပါသဖြင့် ကူညီပေးကြပါရန် ပန်ကြားအပ်ပါသည်။ မနက်ပိုင်း သို့မဟုတ် နေ့လယ်ပိုင်း သီးသန့် ပါဝင်လျှင်လည်း ရပါသည်။
ခေါ်ယူမည့် အင်အား - လမ်းညွှန် ၄ ဦး၊ အသံလွှင့် ၄ ဦး
စက်ဘီး ရပ်နားစခန်း သပ်ရပ်အောင် ပြင်ဆင်ရေး ၁၀ ဦး
ဆိုင်ခန်း ၃၀ ဦး၊ သန့်ရှင်းရေး ၂၀ ဦး
ထို့ပြင် ရှေ့နေ့ ပြင်ဆင်မှုများ ကူညီပေးမည့်သူ ၃၀ ဦးကိုလည်း တစ်ပြိုင်နက်တည်း ခေါ်ယူနေပါသည်။ လူဦးရေ များလေလေ ပိုမို အဆင်ပြေလေ ဖြစ်ပါသည်။ ပျော်ရွှင်စရာ ပွဲတော်ဖြစ်လာစေရန် အားလုံး၏ ပူးပေါင်းကူညီမှုကို စောင့်မျှော်လျက်ရှိပါသည်။
ချယ်ရီပန်းပွဲတော် ကျင်းပရေး ကော်မတီ
ရွေးချယ်စရာ မေးခွန်းများ (1)
မေးခွန်း 1問1 この募集に書き加えなければならないことは何か。