1. ~ところを
* Na နာမဝိသေသန だ -> な / နာမ် N だ -> の
ရှင်းလင်းချက်: အလုပ်များနေခြင်း၊ အနားယူနေခြင်းကဲ့သို့ ဆက်လက်တည်ရှိနေသော အခြေအနေကို ဖော်ပြသည့် စကားလုံးများနှင့် မကြာခဏ တွဲသုံးသည်။
✓ ထိုအခြေအနေရှိသူကို မိမိက အနှောင့်အယှက်ပေးမိသည့်အတွက် အားနာမှု၊ တောင်းပန်မှု သို့မဟုတ် ကျေးဇူးတင်မှုကို ယဉ်ကျေးစွာ စကားပလ္လင်ခံရာတွင် သုံးသည်။
2. ~ものを
* Na နာမဝိသေသန だ -> な
ရှင်းလင်းချက်: “...ခဲ့ရင်တော့ ...ဖြစ်မှာပဲ၊ ဒါပေမယ့်...” ဟူသောသဘောကို ဖော်ပြသည်။ ရှေ့ဝါကျရှိ အခြေအနေ ဖြစ်ခဲ့လျှင် ရလဒ်က ကွာခြားသွားမည် သို့မဟုတ် ပိုကောင်းမည်ဟု ယူဆသော်လည်း တကယ်တမ်းတွင် ထိုသို့ မဖြစ်ခဲ့ကြောင်း ဖော်ပြသည်။
✓ နောင်တ၊ မကျေနပ်မှု၊ အပြစ်တင်မှု သို့မဟုတ် စိတ်မကောင်းမှုကို မကြာခဏ ဖော်ပြသည်။ ဆန့်ကျင်ဘက်ရလဒ်ကို စကားစပ်မှ သိသာလျှင် နောက်ဝါကျကို ချန်လှပ်နိုင်သည်။
3. ~とはいえ
ရှင်းလင်းချက်: ရှေ့ဝါကျရှိ အချက်အလက် မှန်ကန်ကြောင်း လက်ခံထားသော်လည်း နောက်ဝါကျတွင် ဆန့်ကျင်ဘက်အဖြစ်မှန် သို့မဟုတ် ရှေ့တွင် ဖော်ပြထားသည့် အဆင့်အထိ မရောက်သည့် အခြေအနေကို ဖော်ပြသည်။
4. ~といえども
ရှင်းလင်းချက်: “...ဖြစ်နေရင်တောင် / ...ဖြစ်ပါစေ” ဟူသောအဓိပ္ပာယ်ရှိသည့် တရားဝင်ဆန်သော စာရေးသုံးအသုံးအနှုန်းဖြစ်သည်။ ရှေ့ဝါကျရှိ အခြေအနေကို လက်ခံခြင်း သို့မဟုတ် ယူဆခြင်းပြုပြီး နောက်ဝါကျတွင် ထိုအခြေအနေရှိသော်လည်း ဆက်လက်မှန်ကန်နေသော သို့မဟုတ် မပြောင်းလဲသော အချက်ကို ဖော်ပြသည်။
✓ အလေးပေးရန် たとえ, いかに, どんな တို့နှင့် တွဲသုံးနိုင်သည်။ နောက်ဝါကျတွင် အကဲဖြတ်ချက်၊ စည်းမျဉ်း၊ မူဝါဒ၊ တာဝန်၊ ဆုံးဖြတ်ချက် စသည်တို့ ပါလာနိုင်သည်။
5. ~と思いきや
ရှင်းလင်းချက်: အစပိုင်းမှာ မိမိခန့်မှန်းထားသည့် သို့မဟုတ် မှားယွင်းစွာ ထင်ထားသည့်အရာနှင့် လုံးဝဆန့်ကျင်သော ရလဒ် ထွက်ပေါ်လာသည့်အခါ အံ့အားသင့်မှုကို ဖော်ပြသည်။
✓ ရှေ့ဝါကျမှာ ခန့်မှန်းချက်ဖြစ်ပြီး နောက်ဝါကျမှာ မျှော်လင့်မထားသော တကယ့်ရလဒ်ဖြစ်သည်။