သဒ္ဒါ JLPT N3 Shinkanzen သင်ခန်းစာ 21: ကြိယာနှင့် နာမ်၏ အဓိပ္ပာယ်တိုးချဲ့ပုံစံများ

ကြိယာနှင့် နာမ်၏ အဓိပ္ပာယ်တိုးချဲ့ပုံစံများ

JLPT N3
Shinkanzen N3 • 11 အဓိကသဒ္ဒါပုံစံ
Point 1L21_G1

၁။ ~かける / ~かけだ (လုပ်လက်စ... / တစ်ဝက်တစ်ပျက်...)

ဝါကျဖွဲ့စည်းပုံ
I. လုပ်ရပ်၏ အဆင့်/လုပ်ဆောင်နေမှုကို ဖော်ပြခြင်း
Vます + かける / かけだ / かけの N

အဓိပ္ပာယ်: အကုန်မပြီးသေးပါ (တစ်ဝက်တစ်ပျက် လုပ်လက်စ)။

နမူနာဝါကျများ (4)
姉あねに食たべかけのみかんを捨すてられてしまった。
စားလက်စ လိမ္မော်သီးကို အစ်မက လွှင့်ပစ်လိုက်တယ်။
彼女かのじょのことが大好だいすきだと言いいかけてやめた。
သူမကို အရမ်းချစ်တယ်လို့ ပြောဖို့လုပ်ပြီးမှ ရပ်လိုက်တယ်။
彼女かのじょは何なにか言いいかけて、黙だまってしまった。
သူမက တစ်ခုခုပြောဖို့လုပ်ပြီးမှ ငြိမ်သွားတယ်။
母ははは読よみかけの本ほんをおいて、買かい物ものに出でかけた。
အမေက ဖတ်လက်စ စာအုပ်ကိုချထားပြီး စျေးဝယ်ထွက်သွားတယ်။
Point 2L21_G2

၂။ ~きる (အကုန်လုပ်ပြီးသွားသည် / ကုန်စင်အောင်လုပ်သည်)

ဝါကျဖွဲ့စည်းပုံ
Vます + きる / きれる / きれない

အဓိပ္ပာယ်: အကုန်လုံး ပြီးစီးအောင်လုပ်သည် / ကုန်စင်သွားသည်။
လုပ်ရပ်တစ်ခုကို ဘာမှမကျန်တော့ဘဲ အပြည့်အဝ ပြီးမြောက်သွားကြောင်း ဖော်ပြသည်။

နမူနာဝါကျများ (3)
長ながい小説しょうせつ、2日間ふつかかんで読よみきった。
ရှည်လျားတဲ့ ဝတ္ထုတစ်အုပ်ကို ၂ ရက်အတွင်း အကုန်ဖတ်ပြီးသွားတယ်။
これは食たべきりサイズのケーキです。
ဒါက တစ်ခါတည်းနဲ့ စားလို့ကုန်နိုင်တဲ့ အရွယ်အစားရှိတဲ့ ကိတ်မုန့်ပါ။
歩あるかずに50,000kmを走はしりきるのは大変たいへんなことだ。
လမ်းမလျှောက်ဘဲ ၅၀,၀၀၀ ကီလိုမီတာကို အဆုံးထိ ပြေးရတာ တကယ်ခက်ခဲတဲ့ကိစ္စပါ။
Point 3L21_G3

၃။ ~通す (အဆုံးထိလုပ်သည် / တောက်လျှောက်လုပ်သည်)

ဝါကျဖွဲ့စည်းပုံ
Vます + 通とおす

အဓိပ္ပာယ်: အဆုံးထိ ...လုပ်သည် / တစ်လျှောက်လုံး ...လုပ်သည်။
အလုပ်တစ်ခုကို ပြီးဆုံးသည်အထိ လုပ်ဆောင်သည်။ ထို့အပြင် ကိစ္စရပ်တစ်ခု၏ အစမှအဆုံးအထိ တောက်လျှောက် အဆက်မပြတ် လုပ်ဆောင်ခြင်းကိုလည်း ဖော်ပြသည်။

နမူနာဝါကျများ (3)
私わたしたちは一晩ひとばんにお酒さけを飲のみ通とおした。
ကျွန်တော်တို့ တစ်ညလုံး တောက်လျှောက် အရက်သောက်ခဲ့ကြတယ်။
やると決きめたことは最後さいごまでやり通とおすべきだ。
လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ကိစ္စကို အဆုံးထိတိုင်အောင် လုပ်သင့်တယ်။
自分じぶんで決きめたことは最後さいごまでやり通とおそう。
ကိုယ့်ဘာသာ ဆုံးဖြတ်ထားတဲ့ကိစ္စကို အဆုံးထိတိုင်အောင် လုပ်ကြပါစို့။
Point 4L21_G4

၄။ ~出す (ရုတ်တရက် စတင်သည် / အပြင်ဘက်သို့...)

ဝါကျဖွဲ့စည်းပုံ
Vます + 出だす

အဓိပ္ပာယ်: (ရုတ်တရက် / ရုတ်ချည်း) စတင်သည် သို့မဟုတ် အပြင်ဘက်သို့ ဦးတည်သည်။

နမူနာဝါကျများ (3)
雨あめが急きゅうに降ふり出だした。
မိုးက ရုတ်တရက် ရွာချလာတယ်။
彼かれは店みせから飛とび出だした。
သူက ဆိုင်ထဲကနေ အပြင်ကို ပြေးထွက်သွားတယ်။
校長室こうちょうしつへ呼よび出だされた。
ကျောင်းအုပ်ကြီးအခန်းကို ခေါ်ထုတ်ခံရတယ်။
Point 5L21_G5

၅။ ~やすい / ~にくい / ~づらい (လွယ်ကူသည် / ခက်ခဲသည်)

ဝါကျဖွဲ့စည်းပုံ
II. လက္ခဏာ၊ အခြေအနေ၊ အနေအထားကို ဖော်ပြခြင်း
Vます + やすい (...လုပ်ရလွယ်သည်)
Vます + にくい (...လုပ်ရခက်သည် - ဓမ္မဓိဋ္ဌာန်ကျကျ)
Vます + づらい (...လုပ်ရခက်သည် - ခံစားချက်ပိုင်း၊ ပင်ပန်းမှု၊ အခက်အခဲကြောင့်)

လုပ်ရပ်တစ်ခုကို လုပ်ဆောင်ရာတွင် လွယ်ကူမှု သို့မဟုတ် ခက်ခဲမှုကို ပြသသည်။
やすい (လွယ်ကူသော)၊ にくい (ခက်ခဲသော - ဓမ္မဓိဋ္ဌာန်ကျကျ)၊ づらい (ခက်ခဲသော - စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် အားစိုက်ရသော)။

နမူနာဝါကျများ (9)
永田ながたさんは話はなしやすい人ひとです。
နာဂါတာဆန်က စကားပြောရတာ လွယ်ကူတဲ့(ဖော်ရွေတဲ့) လူတစ်ယောက်ပါ။
田中先生たなかせんせいの話はなしはわかりやすい。
ဆရာတာနာကာရဲ့ စကားက နားလည်ရလွယ်တယ်။
ガラスのコップは割われやすいです。
ဖန်ခွက်တွေက ကွဲလွယ်တယ်။
この本ほんは字じが大おおきくて読よみやすいです。
ဒီစာအုပ်က စာလုံးကြီးလို့ ဖတ်ရလွယ်တယ်။
この箸はしはちょっと使つかいにくいです。
ဒီတူက သုံးရတာ နည်းနည်းခက်တယ်။
足あしが痛いたいから歩あるきにくいです。
ခြေထောက်နာနေလို့ လမ်းလျှောက်ရတာ ခက်တယ်။
この質問しつもんには答こたえづらいです。
ဒီမေးခွန်းက ဖြေဖို့ ခက်ခဲတယ် (ဖြေရခက်တယ်)။
彼女かのじょはつき合あいづらい人ひとだ。
သူမက ပေါင်းသင်းဆက်ဆံရ ခက်တဲ့လူမျိုးပဲ။
この漢字かんじは覚おぼえづらいです。
ဒီခန်းဂျီးက မှတ်ရခက်တယ် (အားစိုက်ရတယ်)။
Point 6L21_G6

၆။ ~すぎる / ~すぎだ (အရမ်း ...လွန်းသည်)

ဝါကျဖွဲ့စည်းပုံ
Vます + すぎる / すぎだ
Aい / Aな + すぎる / すぎだ

အဓိပ္ပာယ်: သင့်တော်တဲ့ ပမာဏထက် ကျော်လွန်ပြီး တစ်ခုခုကို အရမ်းလုပ်မိခြင်း သို့မဟုတ် အခြေအနေဖြစ်နေခြင်း။

နမူနာဝါကျများ (5)
このカレーは辛からすぎます。
ဒီကာရီဟင်းက အရမ်းစပ်လွန်းတယ်။
アンちゃんは甘あまい物ものを食たべすぎる。
အန်လေးက အချိုတွေ အရမ်းစားလွန်းတယ်။
この問題もんだいは難むずかしすぎる。
ဒီပုစ္ဆာက အရမ်းခက်လွန်းတယ်။
東京とうきょうはにぎやかすぎます。
တိုကျိုက အရမ်းဆူညံ(စည်ကား)လွန်းတယ်။
君きみ、それは言いいすぎだよ。
မင်းပြောတာ အရမ်းလွန်သွားပြီနော်။
Point 7L21_G7

၇။ ~がちだ (များသောအားဖြင့် ...တတ်သည် / ...လေ့ရှိသည်)

ဝါကျဖွဲ့စည်းပုံ
Vます / N + がちだ

အဓိပ္ပာယ်: ထိုအခြေအနေမျိုးသို့ အလွယ်တကူရောက်သွားလေ့ရှိသည် (အဆိုးဘက်ဆန်သော အဓိပ္ပာယ်)။

နမူနာဝါကျများ (2)
雪ゆきが降ふると、電車でんしゃは遅おくれがちだ。
နှင်းကျရင် ရထားတွေက နောက်ကျလေ့ရှိတယ်။
遠慮えんりょがちにRINさんに年齢ねんれいを聞きいてみた。
ရင်းဆန်ရဲ့ အသက်ကို အားနာနာနဲ့ မေးကြည့်ခဲ့တယ်။
Point 8L21_G8

၈။ ~らしい (...ပီသတယ် / ...နဲ့တူတယ်)

ဝါကျဖွဲ့စည်းပုံ
N + らしい

အဓိပ္ပာယ်: ...ရဲ့ ပီပြင်တဲ့ လက္ခဏာရပ်တွေနဲ့ ပြည့်စုံတယ် (တကယ့်ကို ...ပီသတယ်)။

နမူနာဝါကျများ (3)
今日きょうは暖あたたかくて春はるらしい一日いちにちだった。
ဒီနေ့က နွေးထွေးပြီး တကယ့် နွေဦးရာသီပီသတဲ့ နေ့တစ်နေ့ပါပဲ။
あんなに怒おこるなんて彼女かのじょらしくない。
အဲဒီလောက် ဒေါသထွက်တာက သူမနဲ့ နည်းနည်းမှ မတူဘူး။
彼かれは男おとこらしいね。
သူက ယောကျ်ားပီသတယ်နော်။ (ယောကျ်ားတစ်ယောက်ရဲ့ လက္ခဏာတွေ အပြည့်ရှိတယ်)။
Point 9L21_G9

၉။ ~っぽい (...ပုံပေါက်တယ် / ခဏခဏ...တတ်တယ်)

ဝါကျဖွဲ့စည်းပုံ
Vます / N + っぽい

အဓိပ္ပာယ်: ...နဲ့တူတဲ့ အသွင်အပြင်၊ စရိုက်မျိုးရှိတယ် (အဲဒီလိုပုံစံပေါက်တယ်)။

နမူနာဝါကျများ (2)
年としを取とると、忘わすれっぽくなる。
အသက်ကြီးလာရင် မေ့တတ်လာတယ်။
このコート、デザインはいいけれど、生地きじが安やすっぽいね。
ဒီကုတ်အင်္ကျီက ဒီဇိုင်းတော့လှတယ်၊ ဒါပေမယ့် အသားက ဈေးပေါတဲ့ပုံပေါက်တယ်။
Point 10L21_G10

၁၀။ ~のようだ・みたいだ (...လိုပဲ / ...နဲ့တူတယ်)

ဝါကျဖွဲ့စည်းပုံ
N + のようだ / みたいだ
N + のような / みたいな N

အဓိပ္ပာယ်: ...နဲ့ အရမ်းတူတယ် (တင်စားချက်)။

နမူနာဝါကျများ (3)
彼かれの話はなしかたは女おんなのようだ。
သူ့စကားပြောပုံက မိန်းမနဲ့တူတယ်။
ここの水みずは殺虫剤さっちゅうざいみたいな味あじがする。
ဒီကရေက ပိုးသတ်ဆေးလို အရသာမျိုး ထွက်နေတယ်။
人ひとみたいな形かたちの雲くもが浮うかんでいる。
ကောင်းကင်မှာ လူပုံစံရှိတဲ့ တိမ်တိုက် မျောလွင့်နေတယ်။
Point 11L21_G11

၁၁။ ~だらけだ (...တွေချည်းပဲ / ...တွေ အပြည့်ပဲ)

ဝါကျဖွဲ့စည်းပုံ
N + だらけだ

အဓိပ္ပာယ်: ...တွေ အများကြီးပဲ / ...တွေ အပြည့်ပဲ။
"...တွေချည်းပဲ၊ ...တွေနဲ့ ပြည့်နေတယ်" ဟူသော အခြေအနေကို ဖော်ပြသည်။ ဤအသုံးအနှုန်းကို များသောအားဖြင့် မကောင်းသောအရာများ၊ ပြောဆိုသူ မလိုလားသောအရာများကို ပြောဆိုရာတွင် သုံးသည်။

နမူနာဝါကျများ (3)
あなたの顔かおは油あぶらだらけです。
မင်းမျက်နှာမှာ ဆီတွေချည်းပဲ။
彼かれの部屋へやは紙かみくずだらけだ。
သူ့အခန်းက စက္ကူစက္ကူပိုင်းတွေချည်းပဲ။
彼女かのじょは欠点けってんだらけだけど、好すきにならずにはいられない。
သူမမှာ အားနည်းချက်တွေ အပြည့်ဖြစ်နေပေမယ့်၊ မချစ်ဘဲ မနေနိုင်ဘူး။