၁။ ~わけだ / ~というわけだ
Aい / Aな だ + な / である + わけだ
N だ + の / な / である + わけだ
普通形 (N / Aな だ) + というわけだ
ဒါကြောင့်ကိုး / အဲဒီတော့ / ဆိုလိုတာက...
- လက်ရှိအခြေအနေအရ စဉ်းစားကြည့်လျှင် ~ ဖြစ်သည်မှာ သဘာဝကျသည် ဟု ကောက်ချက်ချနိုင်သည်။
- လက်ရှိအခြေအနေအရ စဉ်းစားကြည့်လျှင် ~ ဖြစ်သည်ဆိုသော အချက်ကို လက်ခံ/နားလည်နိုင်သည်။
၂။ ~わけにはいかない (...လို့ မဖြစ်ဘူး / မ...နိုင်ဘူး)
...လို့ မရဘူး (ကိုယ်ကျင့်တရား / တာဝန်အရ)
လိပ်ပြာသန့်မှု၊ တာဝန်သိမှု၊ အထူးအခြေအနေများကြောင့်... လုပ်ချင်ပေမယ့် လုပ်လို့မရပါဘူး။ ထို့အပြင် မှားယွင်းခြင်း၊ အကြောင်းပြချက်မခိုင်လုံခြင်း သို့မဟုတ် တာဝန်ဝတ္တရားနှင့် မကိုက်ညီခြင်းကြောင့် မလုပ်နိုင်ကြောင်းကိုလည်း ဖော်ပြသည်။
*ကတ္တားသည် များသောအားဖြင့် ပထမပုဂ္ဂိုလ် (ငါ/ကျွန်တော်) ဖြစ်သည်။ 「わけにもいかない」 ဖြင့်လည်း သုံးနိုင်သည်။
၃။ ~ないわけにはいかない (မ...လို့ မဖြစ်ဘူး / ...ရမည်)
မလုပ်လို့မဖြစ်ဘူး / လုပ်ရမည်
"မဖြစ်မနေ လုပ်ရမည် / မလုပ်လို့မရပါ" ဟူသော တာဝန်ဝတ္တရားကို ဖော်ပြသည်။ ယေဘုယျအသိပညာ၊ လူ့အသိုင်းအဝိုင်း၏ အမြင် သို့မဟုတ် ကိုယ်ပိုင်တာဝန်ဝတ္တရားများအရ လုပ်ကိုလုပ်ရမည့် အခြေအနေကို ဆိုလိုသည်။
၄။ わけ ပါဝင်သော အခြားသဒ္ဒါပုံစံများ (သင်ပြီး)
- ~わけがない: ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ / လုံးဝမဖြစ်နိုင်ဘူး (သင်ခန်းစာ ၈)
- ~わけではない / ~というわけではない: ...တော့ မဟုတ်ပါဘူး (သင်ခန်းစာ ၈)