၁။ 「~は・・・ことだ」 (အဖြစ်အပျက်၊ အကြောင်းအရာကို ပြခြင်း)
အကြောင်းအရာတစ်ခုကို ရှင်းပြခြင်း / ဖော်ပြခြင်းမျိုးတွင် こと ကိုသာ သုံးသည်။ အဖြစ်အပျက်၊ ဇာတ်လမ်းတစ်ပုဒ်၏ အကြောင်းအရာကို တိတိကျကျ ဖော်ပြရန် သုံးသည်။
၂။ 「こと」 ဖြင့် အသေမှတ်ထားရမည့် သဒ္ဒါပုံစံများ
အဓိပ္ပာယ်: တစ်ခါတလေ ...တာမျိုးရှိတယ် / ...တတ်တယ်။ တစ်ခါတစ်ရံမှာ ...ဖြစ်လေ့ရှိတယ် (သို့မဟုတ်) ...ဖြစ်တတ်တဲ့ အခြေအနေမျိုးလည်း ရှိတယ်။
၃။ ~ことはない (...ဖို့ မလိုပါဘူး)
「~する必要はない・~しなくてもいい。」 နှင့် အဓိပ္ပာယ်တူသည်။
...ရန် မလိုအပ်ပါ / မ...လည်း ရပါတယ် ဟု အဓိပ္ပာယ်ရသည်။
・~ということだ / ~とのことだ
・~ないことはない
・~ことは~が、・・・
・~ことにする / ~ことにしている
・~ことになる / ~ことになっている
၄။ အာရုံခံစားမှုဆိုင်ရာ ကြိယာများ (မြင်သည်၊ ကြားသည်၊ ခံစားရသည်)
အာရုံခံစားမှုဖြင့် သိရှိနိုင်သော မြင်ကွင်း သို့မဟုတ် အသံများကို ပြောဆို/ဖော်ပြသောအခါ: 「見る・見える・眺める・聞こえる・感じる စသည်ဖြင့်...」
၅။ အကဲဖြတ်ခြင်း၊ လိုအပ်မှုအဆင့် (~のに)
ရည်ရွယ်ချက်တစ်ခုခုအတွက် အကဲဖြတ်ချက် (အဆင်ပြေသည် / အသုံးဝင်သည် / လိုအပ်သည်...) ကို ပြောဆို/ဖော်ပြသောအခါ 「~のに(は)・・・」 ကို သုံးသည်။
၆။ သတင်းအချက်အလက်ကို အလေးပေးခြင်း (~のは・・・だ)
အလေးပေးလိုသော အချက်အလက်များကို ညွှန်ပြ/ဖော်ပြရာတွင် သုံးသည်။ ပုံစံ: 「~のは・・・だ / からだ / ためだ」။
၇။ ~というのは・・・だ (အဓိပ္ပာယ်ဖွင့်ဆိုချက်)
...ဆိုတာကတော့၊ ...ရဲ့ အဓိပ္ပာယ်ကတော့...
အရာဝတ္ထု သို့မဟုတ် ကိစ္စရပ်တစ်ခုကို ရှင်းပြသော အဓိပ္ပာယ်ဖွင့်ဆိုချက် ဝါကျများတွင် အများဆုံးသုံးသည်။
၈။ ~のではないか / のではないだろうか (...လို့ ထင်တယ် / ...မဟုတ်ဘူးလား)
「~と思う。」 နှင့် အဓိပ္ပာယ်ဆင်တူသည် (ဖြစ်နိုင်တာပေါ့၊ ဒါများလား)။ ပြောဆိုသူ၏ ထင်မြင်ချက်၊ ခန့်မှန်းချက်ကို ညင်သာစွာ ဖော်ပြသည်။