၁။ ~にもかかわらず (...ပေမယ့်လည်း / ...ဖြစ်နေပါလျက်နှင့်)
* Na နာမဝိသေသန だ -> である / နာမ် N だ -> である
အဓိပ္ပာယ်: ရှေ့ဝါကျရှိ အတားအဆီး၊ သက်ရောက်မှုများကြောင့် အနှောင့်အယှက်မဖြစ်ဘဲ လုပ်ရပ်တစ်ခုကို ဆက်လက်လုပ်ဆောင်သည်။
✓ ရှေ့ဝါကျ၏ သက်ရောက်မှုမရှိဘဲ လုပ်ဆောင်နိုင်ခြင်းအပေါ် အံ့သြမှု၊ မျှော်လင့်မထားမှုကို ဝါကျတစ်ခုလုံးက ဖော်ပြသည်။
✓ နောက်ဝါကျတွင် ပြောဆိုသူ၏ ဆန္ဒ၊ ရည်ရွယ်ချက်၊ အမိန့်ပေးသည့် ကြိယာများကို မသုံးရပါ။
၂။ ~ものの / ~とはいうものの (...ပေမယ့်လို့ / ...ဆိုပေမယ့်လည်း)
* Na နာမဝိသေသန だ -> な / である
နာမ် N / ရိုးရိုးပုံစံ + とはいうものの
* Na နာမဝိသေသန だ (だ ကို မပြောင်းဘဲထားလည်း ရသည်)
အဓိပ္ပာယ်: အမှန်တရားက ထိုသို့ဖြစ်သော်လည်း၊ တကယ်ဖြစ်လာသောအရာက သာမန်စဉ်းစားထားသလို မဟုတ်ပါဘူး။
✓ ရှေ့ဝါကျတွင် အမှန်တရား၊ သေချာမှုမြင့်မားသော အဖြစ်အပျက်များကို ဖော်ပြသည့် စကားလုံးများနှင့် တွဲသုံးလေ့ရှိသည်။
✓ နောက်ဝါကျတွင် ပြောဆိုသူ၏ မျှော်မှန်းချက်/ထင်မြင်ချက်နှင့် မကိုက်ညီသော ရလဒ် သို့မဟုတ် အခြေအနေကို ဖော်ပြသည်။
၃။ ~ながら(も) (...ပေမယ့်လည်း / ဖြစ်သော်ငြားလည်း)
Na နာမဝိသေသန / နာမ် N + であり + ながら(も)
* သတိပြုရန်: နာမ်/Na နာမဝိသေသနကို ながら နှင့် တိုက်ရိုက်ဆက်နိုင်သည်
အဓိပ္ပာယ်: ရှေ့ဝါကျ၏ အခြေအနေအရ ဖြစ်သင့်သည်ဟု ယူဆရမည့်အရာနှင့် ဆန့်ကျင်ဘက်ဖြစ်နေသောအရာကို ဖော်ပြသည်။
✓ အခြေအနေကိုပြသော စကားလုံးများနှင့် တွဲသုံးလေ့ရှိသည်။
✓ ရှေ့ဝါကျနှင့် နောက်ဝါကျ၏ ကတ္တားသည် တစ်ခုတည်း ဖြစ်ရမည်။
၄။ ~つつ(も) (သိသိရက်နဲ့ / တွေးနေလျက်နဲ့ပဲ...)
အဓိပ္ပာယ်: လက်တွေ့လုပ်ရပ်က ရင်ထဲက တွေးတောသိရှိထားမှုနဲ့ ကွဲလွဲနေသည်။ (ရင်ထဲမှာတော့ A လို့ သိထားပေမယ့်၊ လက်တွေ့မှာတော့ B ကို လုပ်မိသည်)။
✓ စကားပြောခြင်း သို့မဟုတ် စိတ်တွင်းလှုပ်ရှားမှုများနှင့် သက်ဆိုင်သော ကြိယာများ (ဥပမာ- ပြောသည်၊ တွေးသည်၊ သိသည်… 言う、思う、知る...) နှင့် တွဲသုံးလေ့ရှိသည်။
✓ နောက်ဝါကျသည် ပြောဆိုသူ၏ ခန့်မှန်းချက်၊ ရည်ရွယ်ချက်၊ ဆန္ဒကို ဖော်ပြသော ဝါကျဖြစ်သည်။
✓ ရှေ့ဝါကျနှင့် နောက်ဝါကျ၏ ကတ္တားသည် တစ်ခုတည်း မဖြစ်မနေ ဖြစ်ရမည်။
၅။ ~といっても (...လို့ပြောပေမယ့် တကယ်တမ်းကတော့...)
အဓိပ္ပာယ်: A လို့ ပြောပေမယ့်၊ တကယ်တမ်း B ကျတော့ လူတွေပုံမှန် စိတ်ကူးယဉ်ထားတဲ့ ပုံရိပ်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။
✓ နောက်ဝါကျသည် ရှေ့ဝါကျ၏ သတင်းအချက်အလက်မှ မျှော်မှန်းထားသော/စိတ်ကူးထားသော အဆင့်အတန်းကို လျှော့ချပစ်သည့် အဓိပ္ပာယ်ဖြစ်သည်။
၆။ ~からといって (...ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ / ...လို့ဆိုပြီးတော့)
အဓိပ္ပာယ်: ဒီလို အကြောင်းပြချက်ဖြစ်နေပေမယ့်လည်း၊ လူတွေ သဘာဝကျကျ တွေးထင်ထားတဲ့အရာ သေချာပေါက် ဖြစ်လာမယ်လို့တော့ မဆိုလိုပါဘူး။ (သိသာထင်ရှားတဲ့ ကောက်ချက်ချမှုကို ငြင်းဆိုခြင်း)။
✓ A ဖြစ်လို့ B ဖြစ်မှာပဲဆိုတဲ့ ဝါကျရဲ့ အငြင်းပုံစံ အပြောအဆိုဖြစ်သည်။
✓ နောက်ဝါကျတွင် တစ်စိတ်တစ်ပိုင်းကို ငြင်းဆိုသော သဒ္ဒါပုံစံများဖြစ်သည့် ~とは限らない (သေချာပေါက် ...လို့မဆိုနိုင်ပါ)၊ ~わけではない (...လို့ ဆိုလိုတာ မဟုတ်ပါ)၊ ~とはいえない (...လို့ ပြောလို့မရပါ)... တို့နှင့် တွဲသုံးလေ့ရှိသည်။