၁။ ~に限り / ~限りで (...သီးသန့်သာ / ...အထိသာ ကန့်သတ်ချက်ဖြင့်)
နာမ် (အချိန်) + 限りで
ဤပုံစံတွင် ခွဲခြားနားလည်သင့်သော အသုံး ၂ မျိုးရှိသည်။
✓ စည်းမျဉ်း၊ အထူးအခွင့်အရေး၊ ချွင်းချက် သို့မဟုတ် အထူးဆက်ဆံမှုကို သတ်မှတ်ထားသော အုပ်စု/အခြေအနေတစ်ခုအတွက်သာ ကန့်သတ်သည်။
✓ တရားဝင်ဆန်သော အသုံးအနှုန်းဖြစ်ပြီး ကြေညာချက်၊ စည်းမျဉ်းနှင့် အသိပေးစာများတွင် အသုံးများသည်။
✓ လုပ်ရပ် သို့မဟုတ် လှုပ်ရှားမှုတစ်ခုသည် N ဖြင့်ဖော်ပြသော အချိန်တွင် အဆုံးသတ်ခြင်းကို ဆိုလိုသည်။
✓ ဥပမာ 今月限りで = ဒီလကုန်အထိ; 今週限りで = ဒီအပတ်ကုန်အထိ.
၂။ ~限り(は) (...သရွေ့ / ...နေသမျှကာလပတ်လုံး)
な နာမဝိသေသန だ + な + 限り(は)
နာမဝိသေသန / နာမ် だ + である + 限り(は)
အဓိပ္ပာယ်: အခြေအနေ A ဆက်လက်မှန်ကန်/တည်ရှိနေသရွေ့ B လည်း ဆက်လက်မှန်ကန် သို့မဟုတ် အကျိုးသက်ရောက်နေသည်။
✓ A ဝါကျသည် အခြေခံအခြေအနေကို ဖော်ပြပြီး B ဝါကျသည် ထိုအခြေအနေအောက်တွင် အကျိုးဆက်၊ အကဲဖြတ်ချက်၊ တာဝန်၊ ဖြစ်နိုင်ခြေ စသည်တို့ကို ဖော်ပြသည်။
✓ အတည်ပြုပုံနှင့် အငြင်းပုံ နှစ်မျိုးလုံး သုံးနိုင်သည်: Vる / Vている / Vない + 限り(は), Aな + な限り, N + である限り.
✓ ~ない限り(は) သည် “...မဟုတ်သရွေ့ / ...မလုပ်လျှင်” ဟူသောသဘော မကြာခဏရှိသည်။
၃။ ~限りでは (...သလောက်တော့ / ...အရဆိုရင်)
Vる / Vた / Vている + 限りでは
အဓိပ္ပာယ်: သတင်းအချက်အလက် ရင်းမြစ်၏ ကန့်သတ်ချက် ဘောင်အတွင်းတွင်...
✓ သတင်းအချက်အလက် စုဆောင်းခြင်းနှင့် သက်ဆိုင်သော စကားလုံးများ (ဥပမာ- မြင်သည်၊ ကြားသည်၊ မှတ်မိသည်၊ သိသည်၊ စုံစမ်းစစ်ဆေးသည်... 見る、聞く、覚えている、知っている、調査...) နှင့် တွဲသုံးလေ့ရှိသည်။
✓ နောက်ဝါကျသည် ထိုသတင်းရင်းမြစ်အပေါ် အခြေခံ၍ သတင်းအချက်အလက် သို့မဟုတ် ဆုံးဖြတ်ချက်ကို ဖော်ပြသည်။
၄။ ~に限って (အဓိပ္ပာယ် ၃ မျိုးရှိသည်)
ပုံမှန်အားဖြင့် အဲဒီလိုမျိုး ဖြစ်လေ့ရှိပေမယ့်၊ ဒီနေ့/ဒီအရာကတော့ အဲဒီလို မဟုတ်ဘူးလို့ ဆိုလိုသည်။
နောက်ဝါကျတွင် အဆိုးဘက်ဆန်သော၊ ကံမကောင်းသော အခြေအနေမျိုး ဖြစ်ပေါ်လာသည်။ ဝါကျတစ်ခုလုံးက ပြောဆိုသူ၏ မကျေနပ်မှု သို့မဟုတ် ကံဆိုးမှုကို ဖော်ပြသည်။
N အပေါ် အထူးယုံကြည်မှုရှိတဲ့အတွက်၊ N နဲ့ပတ်သက်ပြီး မကောင်းတဲ့ကိစ္စမျိုး လုံးဝမဖြစ်နိုင်ဘူးလို့ ယုံကြည်ထားသည်။ နောက်ဝါကျတွင် အငြင်းပုံစံဖြင့် သုံးပြီး ထိုကဲ့သို့ လုံးဝမဖြစ်နိုင်ကြောင်းကို ဖော်ပြသည်။