吹きます[風が~]
တိုက်ခတ်သည် [လေ~]
Tsuyoi kaze ga futte imasu.
→ လေပြင်းတိုက်နေတယ်။
燃えます
လောင်ကျွမ်းသည် [အမှိုက်~]
Kono gomi wa moemasu ka.
→ ဒီအမှိုက်က မီးလောင်နိုင်သလား။
亡くなります
ကွယ်လွန်သည်
Kyonen, sofu ga nakunarimashita.
→ မနှစ်က အဘိုး ကွယ်လွန်သွားတယ်။
集まります[人が~]
စုဝေးသည် [လူ~]
Ekimae ni hito ga atsumatte imasu. Nanika atta yō desu.
→ ဘူတာရုံရှေ့မှာ လူတွေ စုဝေးနေတယ်။ တစ်ခုခုဖြစ်ပုံရတယ်။
分かれます[グループに~]
လမ်းခွဲသည် [လူ~]
Futatsu no gurūpu ni wakaremashō.
→ နှစ်ဖွဲ့ခွဲကြရအောင်။
します(します )[音/声が~][味が~]
ထွက်သည် [အသံ~] / အရသာရှိသည် / အနံ့ထွက်သည်
Tonari no heya kara hen na oto ga shimasu.
→ ဘေးခန်းကနေ ထူးဆန်းတဲ့အသံ ထွက်နေတယ်။
厳しい
တင်းကျပ်သော
Chichi wa totemo kibishii desu.
→ အဖေက အရမ်းတင်းကျပ်တယ်။
ひどい
ဆိုးရွားသော
Kinō wa hidoi tenki deshita.
→ မနေ့က ရာသီဥတုက ဆိုးရွားခဲ့တယ်။
怖い
ကြောက်စရာကောင်းသော
Obakeyashiki wa kowai desu.
→ သရဲအိမ်က ကြောက်စရာကောင်းတယ်။
実験
စမ်းသပ်ချက်
Jikken no kekka ga demashita.
→ စမ်းသပ်မှုရဲ့ ရလဒ် ထွက်လာပြီ။
データ
ဒေတာ / အချက်အလက်
Pasokon ni dēta o hozon shimasu.
→ ကွန်ပျူတာမှာ ဒေတာတွေကို သိမ်းဆည်းပါတယ်။
人口
လူဦးရေ
Tōkyō no jinkō ga fuete imasu.
→ တိုကျိုရဲ့ လူဦးရေက တိုးနေတယ်။
におい
အနံ့
Hen na nioi ga shimasu.
→ ထူးဆန်းတဲ့ အနံ့ရနေတယ်။
科学
သိပ္ပံ
Kagaku no shinpo wa hayai desu.
→ သိပ္ပံပညာရဲ့ တိုးတက်မှုက မြန်ဆန်တယ်။
医学
ဆေးပညာ
Kare wa igaku o benkyō shite imasu.
→ သူက ဆေးပညာကို လေ့လာနေတယ်။
文学
စာပေ
Nihon no bungaku ni kyōmi ga arimasu.
→ ဂျပန်စာပေကို စိတ်ဝင်စားတယ်။
パトカー
ရဲကင်းလှည့်ကား
Patokā ga kimashita. Jiko no yō desu.
→ ရဲကား ရောက်လာတယ်။ မတော်တဆမှုဖြစ်တဲ့ပုံပဲ။
救急車
လူနာတင်ကား
Kyūkyūsha o yonde kudasai.
→ လူနာတင်ကား ခေါ်ပေးပါ။
賛成
သဘောတူခြင်း
Watashi wa sono iken ni sansei desu.
→ ကျွန်တော် အဲ့ဒီအမြင်ကို သဘောတူတယ်။
反対
ကန့်ကွက်ခြင်း
Chichi wa ryūgaku ni hantai shimashita.
→ အဖေက နိုင်ငံခြားမှာ ပညာသွားသင်တာကို ကန့်ကွက်ခဲ့တယ်။
大統領
သမ္မတ
Amerika no daitōryō ga kimasu.
→ အမေရိကန်သမ္မတ လာမယ်။
~によると
--အရ (သတင်းအရင်းအမြစ်)
Shinbun ni yoru to, bukka ga agaru sō desu.
→ သတင်းစာအရတော့ ကုန်ဈေးနှုန်းတွေ တက်လာမယ်တဲ့။
婚約します
စေ့စပ်သည်
Futari wa konyaku shita sō desu.
→ အဲဒီနှစ်ယောက် စေ့စပ်လိုက်ပြီတဲ့။
どうも
ပုံစံရတာတော့ (ခန့်မှန်းချက်နှင့်တွဲသုံးသည်)
Dōmo kaze o hiita yō desu.
→ အအေးမိသွားတဲ့ပုံပဲ။
恋人
ချစ်သူ
Kare ni wa koibito ga iru yō desu.
→ သူ့မှာ ရည်းစားရှိပုံရတယ်။
相手
တစ်ဖက်လူ
Kekkon no aite o sagashite imasu.
→ လက်ထပ်မယ့်ဖက်ကို ရှာနေတယ်။
知り合います
သိကျွမ်းသည်
Pātī de kanojo to shiriyaimashita.
→ ပါတီမှာ သူမနဲ့ သိကျွမ်းခဲ့တယ်။