ဝေါဟာရ Shinkanzen Master N2 သင်ခန်းစာ 4: အစားအစာနှင့် စားသောက်မှု

သင်ခန်းစာ 4: အစားအစာနှင့် စားသောက်မှု

JLPT N2
Shinkanzen ဝေါဟာရ N2 • 70 လုံး
#1

飯めし

ထမင်း

腹はらが減へったから、飯めしを食くおう。

→ ဗိုက်ဆာပြီ ထမင်းစားရအောင်။

#2

食くいます

စားသည်

彼かれは毎日まいにちたくさん食くいます。

→ သူက နေ့တိုင်း အများကြီးစားတယ်။

#3

かじる

ကိုက်သည်

りんごを一口ひとくちかじる。

→ ပန်းသီးကို တစ်ကိုက်ကိုက်တယ်။

#4

~を口口に含ふくみます

ပါးစပ်ထဲငုံထားသည်

水みずを口くちに含ふくむ。

→ ရေကို ပါးစပ်ထဲ ငုံထားတယ်။

#5

しゃぶる

စုပ်သည်

赤あかちゃんが指ゆびをしゃぶっている。

→ ကလေးက လက်ချောင်းကို စုပ်နေတယ်။

#6

味あじわいます

အရသာခံသည်

料理りょうりをゆっくり味あじわう。

→ အစားအစာကို ဖြည်းဖြည်းချင်း အရသာခံတယ်။

#7

香かおり

မွှေးရနံ့

コーヒーのいい香かおりがする。

→ ကော်ဖီရဲ့ မွှေးရနံ့ရတယ်။

#8

嗅かぎます

အနံ့ခံသည်

花はなの匂においを嗅かぐ。

→ ပန်းအနံ့ကို ရှူတယ်။

#9

食欲しょくよく(がある/ない)

ခံတွင်းတွေ့သည်

風邪かぜをひいて食欲しょくよくがない。

→ အအေးမိပြီး ခံတွင်းမတွေ့ဘူး။

#10

湯飲み(湯呑み)ゆのみ

ရေနွေးကြမ်းပန်းကန်

新あたらしい湯飲ゆのみでお茶ちゃを飲のむ。

→ ရေနွေးကြမ်းပန်းကန်အသစ်နဲ့ လက်ဖက်ရည်သောက်တယ်။

#11

お盆ぼん

လင်ဗန်း

お盆ぼんで料理りょうりを運はこぶ。

→ လင်ဗန်းနဲ့ အစားအစာကို သယ်တယ်။

#12

トレー

လင်ဗန်း

レジでトレーにお金かねを置おく。

→ ငွေရှင်းကောင်တာမှာ လင်ဗန်းပေါ် ပိုက်ဆံတင်တယ်။

#13

栄養えいよう

အာဟာရ

この食事しょくじは栄養えいようのバランスがいい。

→ ဒီအစားအစာက အာဟာရမျှတတယ်။

#14

消化しょうか

အစာချေဖျက်ခြင်း

胃いに優やさしくて消化しょうかにいいものを食たべる。

→ အစာအိမ်အတွက် သက်သာပြီး အစာကြေလွယ်တာကို စားတယ်။

#15

胃いにもたれる

ဗိုက်ကယ်သည်

脂あぶらっこいものは胃いにもたれる。

→ ဆီများတဲ့အစားအစာက ဗိုက်ကယ်စေတယ်။

#16

宴会えんかい

ပွဲခံခြင်း

週末しゅうまつに会社かいしゃの宴会えんかいがある。

→ စနေတနင်္ဂနွေမှာ ကုမ္ပဏီပွဲရှိတယ်။

#17

歓迎会かんげいかい

ကြိုဆိုပွဲ

新入社員しんにゅうしゃいんの歓迎会かんげいかいを開ひらく。

→ ဝန်ထမ်းသစ် ကြိုဆိုပွဲ ကျင်းပတယ်။

#18

送別会そうべつかい

နှုတ်ဆက်ပွဲ

転職てんしょくする同僚どうりょうのために送別会そうべつかいをする。

→ အလုပ်ပြောင်းမယ့် အလုပ်ဖော်အတွက် နှုတ်ဆက်ပွဲလုပ်တယ်။

#19

お酒さけをつぐ / を注そそぐ

အရက်ငဲ့သည်

上司じょうしのグラスにお酒さけを注そそぐ。

→ အထက်လူကြီးရဲ့ ဖန်ခွက်ထဲ အရက်ငဲ့တယ်။

#20

勧すすめる

အကြံပြုသည်

お客きゃくさんにお茶ちゃを勧すすめる。

→ ဧည့်သည်ကို လက်ဖက်ရည်တိုက်တယ်။

#21

冷ひやす

အအေးခံသည်

ビールを冷蔵庫れいぞうこで冷ひやす。

→ ဘီယာကို ရေခဲသေတ္တာထဲမှာ အအေးခံတယ်။

#22

温あたためる

အပူပေးသည်

電子でんしレンジで弁当べんとうを温あたためる。

→ မိုက်ခရိုဝေ့ဖ်နဲ့ ထမင်းဘူးကို အပူပေးတယ်။

#23

酔よう

မူးသည်

お酒さけに酔よって顔かおが赤あかくなった。

→ အရက်မူးပြီး မျက်နှာနီလာတယ်။

#24

頭痛ずつう

ခေါင်းကိုက်ခြင်း

昨日きのうからひどい頭痛ずつうがする。

→ မနေ့ကတည်းက ခေါင်းအရမ်းကိုက်နေတယ်။

#25

吐はき気けがする

ပျို့အန်ချင်သည်

車くるまに酔よって吐はき気けがする。

→ ကားမူးပြီး ပျို့အန်ချင်တယ်။

#26

吐はく

အန်သည်

気分きぶんが悪わるくて吐はいてしまった。

→ နေမကောင်းဖြစ်ပြီး အန်လိုက်တယ်။

#27

嘔吐おうと

အန်ခြင်း

激はげしい嘔吐おうとの症状しょうじょうがある。

→ ပြင်းထန်စွာအန်တဲ့ ရောဂါလက္ခဏာရှိတယ်။

#28

めまいがする

ခေါင်းမူးသည်

急きゅうに立たち上あがるとめまいがする。

→ ရုတ်တရက်ထရပ်လိုက်ရင် ခေါင်းမူးတယ်။

#29

意識いしきを失うしなう

သတိလစ်သည်

事故じこのショックで意識いしきを失うしなった。

→ ယာဉ်တိုက်မှုရဲ့ တုန်လှုပ်မှုကြောင့် သတိလစ်သွားတယ်။

#30

酔よいを覚さます

အရက်အမူးပြေစေသည်

水みずを飲のんで酔よいを覚さます。

→ ရေသောက်ပြီး အရက်အမူးပြေစေတယ်။

#31

酔よいが覚さめる

အရက်အမူးပြေသည်

朝あさになってやっと酔よいが覚さめた。

→ မနက်ရောက်မှပဲ အရက်အမူးပြေသွားတယ်။

#32

酔よっ払ぱらいをうちに帰かえす

အရက်မူးနေသူကို အိမ်ပြန်ပို့သည်

友達ともだちが酔よっ払ぱらいを家いえに帰かえした。

→ သူငယ်ချင်းက အရက်မူးနေသူကို အိမ်ပြန်ပို့တယ်။

#33

摘つまむ

လက်နဲ့ကောက်သည်

鼻はなを摘つまんで薬くすりを飲のむ。

→ နှာခေါင်းကိုပိတ်ပြီး ဆေးသောက်တယ်။

#34

贅沢ぜいたく(な)

ဇိမ်ကျသော

たまには贅沢ぜいたくな食事しょくじをしたい。

→ တစ်ခါတစ်ရံ ဇိမ်ကျကျ စားသောက်ချင်တယ်။

#35

粗末そまつ(な)

ရိုးရိုးရှင်းရှင်း

粗末そまつな食事しょくじですが、どうぞ。

→ ရိုးရိုးရှင်းရှင်းအစားအစာလေးပါ သုံးဆောင်ပါ။

#36

質しつ(いい/わるい)

အရည်အသွေး (ကောင်း/ဆိုး)

この肉にくは質しつが良よい。

→ ဒီအသားက အရည်အသွေးကောင်းတယ်။

#37

貴重きちょう(な)

တန်ဖိုးရှိသော

貴重きちょうな時間じかんを無駄むだにしない。

→ တန်ဖိုးရှိတဲ့အချိန်ကို အလဟဿမဖြစ်စေနဲ့။

#38

貴重品きちょうひん

တန်ဖိုးကြီးပစ္စည်း

貴重品きちょうひんはロッカーに預あずけてください。

→ တန်ဖိုးကြီးပစ္စည်းများကို လော့ကာတွင် အပ်နှံပါ။

#39

新鮮しんせん(な)

လတ်ဆတ်သော

新鮮しんせんな魚さかなを食たべる。

→ လတ်ဆတ်တဲ့ငါးကို စားတယ်။

#40

天然てんねん

သဘာဝ

これらは天然てんねんの素材そざいで作つくられている。

→ ဒါတွေကို သဘာဝကုန်ကြမ်းတွေနဲ့ လုပ်ထားတယ်။

#41

日本産にほんさん

ဂျပန်ထုတ်

スーパーで日本産にほんさんのりんごを買かった。

→ စူပါမားကတ်မှာ ဂျပန်ထုတ် ပန်းသီးဝယ်ခဲ့တယ်။

#42

原産げんさん

မူရင်းဒေသ

このコーヒーはブラジル原産げんさんだ。

→ ဒီကော်ဖီက ဘရာဇီးမူရင်းထုတ်ဖြစ်တယ်။

#43

調味料ちょうみりょう

ဟင်းခတ်အမွှေးအကြိုင်

調味料ちょうみりょうを加くわえて味あじを整ととのえる。

→ ဟင်းခတ်အမွှေးအကြိုင်ထည့်ပြီး အရသာညှိတယ်။

#44

香辛料こうしんりょう

ဟင်းခတ်အမွှေးအကြိုင်

料理りょうりに香辛料こうしんりょうを効きかせる。

→ အစားအစာမှာ ဟင်းခတ်အမွှေးအကြိုင်ကို သုံးတယ်။

#45

塩辛しおからい

ငန်သော

このスープは少すこし塩辛おからい。

→ ဒီစွပ်ပြုတ်က နည်းနည်းငန်တယ်။

#46

しょっぱい

ငန်သော

汗あせはしょっぱい味あじがする。

→ ချွေးက ငန်တဲ့အရသာရှိတယ်။

#47

酸すっぱい

ချဉ်သော

レモンはとても酸すっぱい。

→ သံပုရာသီးက အရမ်းချဉ်တယ်။

#48

さっぱり

လန်းဆန်းသော

夏なつはさっぱりしたものが食たべたい。

→ နွေရာသီမှာ လန်းဆန်းတဲ့အစားအစာ စားချင်တယ်။

#49

しつこい

အီသော

この肉にくは油あぶらが多おおくてしつこい。

→ ဒီအသားက ဆီများပြီး အီတယ်။

#50

くどい

အီသော၊ ရှည်လျားသော

彼かれの話はなしはいつも長ながくてくどい。

→ သူ့စကားက အမြဲတမ်းရှည်လျားပြီး အီတယ်။

#51

好このみ

အကြိုက်

人ひとそれぞれ服ふくの好このみが違ちがう。

→ လူတစ်ယောက်ချင်းစီမှာ အဝတ်အစားအကြိုက် မတူကြဘူး။

#52

苦手にがて

မကျွမ်းကျင်သော၊ မနှစ်သက်သော

私わたしは辛からいものが苦手にがてです。

→ ကျွန်တော်က အစပ်ကို မကြိုက်ဘူး။

#53

好すき好ずき

ကိုယ်ပိုင်အကြိုက်

味あじの好すき好ずきは人ひとによって異ことなる。

→ အရသာအကြိုက်က လူတစ်ယောက်နဲ့တစ်ယောက် မတူဘူး။

#54

好すき嫌きらい(がある/ない)

အစားရွေးသည်

子供こどもの頃ころは食たべ物ものの好すき嫌らいが多おおかった。

→ ကလေးတုန်းက အစားအရမ်းရွေးခဲ့တယ်။

#55

和食わしょく

ဂျပန်အစားအစာ

健康けんこうのために和食わしょくをよく作つくる。

→ ကျန်းမာရေးအတွက် ဂျပန်အစားအစာကို မကြာခဏ ချက်တယ်။

#56

洋食ようしょく

အနောက်တိုင်းအစားအစာ

今夜こんやの夕食ゆうしょくは洋食ようしょくレストランに行いこう。

→ ဒီညစာအတွက် အနောက်တိုင်းစားသောက်ဆိုင်ကို သွားရအောင်။

#57

和風わふう

ဂျပန်စတိုင်

この部屋へやは和風わふうのデザインだ。

→ ဒီအခန်းက ဂျပန်စတိုင် ဒီဇိုင်းဖြစ်တယ်။

#58

洋風ようふう

အနောက်တိုင်းစတိုင်

洋風ようふうの建築けんちくを見学けんがくする。

→ အနောက်တိုင်းစတိုင် အဆောက်အအုံကို လေ့လာတယ်။

#59

味付あじつけ

အရသာစပ်ခြင်း

このスープは味付あじつけが薄うすい。

→ ဒီစွပ်ပြုတ်က အရသာပေါ့တယ်။

#60

行列ぎょうれつ

တန်းစီခြင်း

人気にんきの店みせの前まえに行列ぎょうれつができている。

→ နာမည်ကြီးဆိုင်ရှေ့မှာ တန်းစီနေကြတယ်။

#61

~を加くわえる / ~が加くわわる

ပေါင်းထည့်သည်

料理りょうりに塩しおを加くわえる。

→ အစားအစာမှာ ဆားထည့်တယ်။

#62

追加ついかする

ထပ်မံထည့်သည်

ご飯はんを追加ついかで注文ちゅうもんする。

→ ထမင်းထပ်မှာတယ်။

#63

保存料ほぞんりょう

ကြာရှည်ခံဆေး

この食品しょくひんは保存料ほぞんりょうを使用しようしていない。

→ ဒီအစားအစာက ကြာရှည်ခံဆေး မသုံးထားဘူး။

#64

中華風ちゅうかふう

တရုတ်စတိုင်

夕食ゆうしょくは中華風ちゅうかふうの炒いため物ものにした。

→ ညစာကို တရုတ်စတိုင်အကြော်ချက်တယ်။

#65

現代風げんだいふう

ခေတ်သစ်စတိုင်

この建物たてものは現代風げんだいふうにアレンジされている。

→ ဒီအဆောက်အအုံကို ခေတ်သစ်စတိုင်နဲ့ ပြင်ဆင်ထားတယ်။

#66

余程よほど

တော်တော်လေး

彼かれは余程よほど疲つかれているようだ。

→ သူက တော်တော်လေး ပင်ပန်းနေပုံရတယ်။

#67

よっぽど

တော်တော်လေး

今いまの仕事しごとはよっぽど辛つらいらしい。

→ အခုအလုပ်က တော်တော်လေး ပင်ပန်းပုံရတယ်။

#68

改あらためて

နောက်တစ်ကြိမ်

後日ごじつ、改あらためてご挨拶あいさつに伺うかがいます。

→ နောက်ရက်မှာ နောက်တစ်ကြိမ် လာရောက်နှုတ်ဆက်ပါမယ်။

#69

しきりに

မကြာခဏ

彼かれはしきりに時計とけいを気きにしている。

→ သူက နာရီကို မကြာခဏ ကြည့်နေတယ်။

#70

いくら~ても

ဘယ်လောက်ပဲ ~ ဖြစ်ဖြစ်

いくら練習れんしゅうしても、なかなか上手じょうずにならない。

→ ဘယ်လောက်ပဲ လေ့ကျင့်လေ့ကျင့် တော်မလာဘူး။