謝ります
တောင်းပန်သည်
Yakusoku o yabutta baai wa, ayamaranakereba narimasen.
→ ကတိဖျက်တဲ့အခါ တောင်းပန်ရမယ်။
遭います[事故に~]
ကြုံတွေ့သည် [မတော်တဆမှု~]
Koko e kuru tochū, jiko ni aimashita.
→ ဒီကိုလာတဲ့ လမ်းခုလတ်မှာ မတော်တဆမှု ကြုံခဲ့ရတယ်။
信じます
ယုံကြည်သည်
Isshōkenmei benkyō shita noni, tesuto no kekka ga warukatta nante, shinjiraremasen.
→ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် စာမေးပွဲရလဒ် မကောင်းဘူးဆိုတာ မယုံနိုင်ဘူး။
用意します
ကြိုတင်ပြင်ဆင်သည်
Kaigi no mae ni, shiryō o yōi shite okimasu.
→ အစည်းအဝေးမတိုင်ခင် စာရွက်စာတမ်းတွေကို ပြင်ဆင်ထားမယ်။
キャンセルします
ပယ်ဖျက်သည်
Yōji ga dekimashita kara, yoyaku o kyanseru shimasu.
→ ကိစ္စပေါ်လာလို့ ကြိုတင်ဘွတ်ကင်ကို ပယ်ဖျက်လိုက်မယ်။
うまくいきます
အဆင်ပြေသည် / အောင်မြင်သည်
Supīchi wa umaku ikimashita ka.
→ မိန့်ခွန်းပြောတာ အဆင်ပြေခဲ့ရဲ့လား။
保証書
အာမခံလက်မှတ်
Hoshōsho ga nai baai wa, shūri dekimasen.
→ အာမခံလက်မှတ်မရှိတဲ့ကိစ္စမျိုးမှာ ပြင်ဆင်လို့မရပါဘူး။
領収書
ပြေစာ / ရရှိကြောင်းလက်ခံဖြတ်ပိုင်း
Ryōshūsho ga hitsuyō na baai wa, itte kudasai.
→ ပြေစာလိုအပ်တဲ့ ကိစ္စမျိုးမှာ ပြောပေးပါ။
贈り物
လက်ဆောင်
Chichi no tanjōbi ni okurimono o okurimashita.
→ အဖေ့မွေးနေ့မှာ လက်ဆောင် ပို့ခဲ့တယ်။
間違い電話
ဖုန်းမှားခေါ်ဆိုမှု
Yonaka ni machigai denwa ga kakatte kimashita.
→ ညသန်းခေါင်မှာ ဖုန်းမှားဝင်လာတယ်။
キャンプ
စခန်းချခြင်း
Natsuyasumi ni kyanpu ni ikimasu.
→ နွေရာသီကျောင်းပိတ်ရက်မှာ စခန်းချခရီး သွားမယ်။
係
တာဝန်ခံ / တာဝန်ရှိသူ
Kuwashii koto wa kakari no hito ni kiite kudasai.
→ အသေးစိတ်ကို တာဝန်ရှိသူကို မေးမြန်းပေးပါ။
中止
ရပ်နားခြင်း / ဖျက်သိမ်းခြင်း
Ame no baai wa, supōtsu taikai wa chūshi desu.
→ မိုးရွာတဲ့ကိစ္စမျိုးမှာ အားကစားပြိုင်ပွဲကို ဖျက်သိမ်းပါမယ်။
点
အမှတ်
Tesuto de ii ten o torimashita.
→ စာမေးပွဲမှာ အမှတ်ကောင်းရခဲ့တယ်။
レバー
လီဗာ / လက်တံ
Kono rebā o hiku to, isu ga ugokimasu.
→ ဒီမောင်းတံကို ဆွဲရင် ကုလားထိုင် ရွေ့သွားလိမ့်မယ်။
[-円]札
[―ယန်း] တန်ငွေစက္ကူ
Sen'ensatsu ga arimasen kara, kashite itadakemasen ka.
→ ယန်း ၁၀၀၀ တန် မရှိလို့ နည်းနည်းချေးပေးလို့ ရမလား။
ちゃんと
သေသေချာချာ / စနစ်တကျ
Yakusoku wa chanto mamorimasu.
→ ကတိကို သေသေချာချာ တည်ပါတယ်။
急に
ရုတ်တရက်
Kyū ni yōji o omoidashimashita.
→ ရုတ်တရက် ကိစ္စရှိတာကို သတိရသွားတယ်။
楽しみにしています
မျှော်လင့်စောင့်စားနေသည်
Oshōgatsu o tanoshimi ni shite imasu.
→ နှစ်သစ်ကူးကို မျှော်လင့်စောင့်စားနေပါတယ်။
以上です。
ဒါပါပဲ / ဒီလောက်ပါပဲ
Watashi no iken wa ijō desu.
→ ကျွန်တော့်အမြင်ကတော့ ဒီလောက်ပါပဲ။
係員
တာဝန်ခံ / ဝန်ထမ်း
Kakariin no iu tōri ni, narande kudasai.
→ ဝန်ထမ်းပြောတဲ့အတိုင်း တန်းစီပေးပါ။
コース
လမ်းကြောင်း / သင်တန်း
Marason no kōsu o hashirimasu.
→ မာရသွန်လမ်းကြောင်းကို ပြေးမယ်။
スタート
စတင်ခြင်း
Marason wa kuji ni sutāto shimasu.
→ မာရသွန်က ၉ နာရီမှာ စတင်ပါမယ်။
―位
အဆင့် ― (နေရာ)
Supīchikontesuto de ichii ni narimashita.
→ စကားပြောပြိုင်ပွဲမှာ ပထမဆု ရခဲ့တယ်။
優勝します
အောင်ပွဲရသည် / ပထမရသည်
Watashi no chīmu wa yūshō shimashita.
→ ကျွန်တော့်အသင်းက ဗိုလ်စွဲခဲ့တယ်။
悩み
စိတ်သောက / အခက်အခဲ
Nayami ga aru baai wa, sensei ni sōdan shimasu.
→ အခက်အခဲရှိတဲ့အခါ ဆရာနဲ့ တိုင်ပင်ပါတယ်။
目覚まし[時計]
နှိုးစက်နာရီ
Mezamashitokei o setto suru no o wasuremashita.
→ နှိုးစက်ပေးဖို့ မေ့သွားတယ်။
眠ります
အိပ်စက်သည်
Kinō wa yoku nemurimashita.
→ မနေ့က ကောင်းကောင်း အိပ်ပျော်ခဲ့တယ်။
目が覚めます
နိုးလာသည်
Shichiji ni me ga samemashita.
→ ၇ နာရီမှာ နိုးလာတယ်။
大学生
တက္ကသိုလ်ကျောင်းသား
Kare wa daigakusei desu.
→ သူက တက္ကသိုလ်ကျောင်းသားပါ။
回答
အဖြေ (~します: အဖြေပေးသည်)
Kaitō o koko ni kaite kudasai.
→ အဖြေကို ဒီမှာရေးပါ။
鳴ります
မြည်သည်
Mezamashitokei ga narimasen deshita.
→ နှိုးစက်နာရီ မမြည်ခဲ့ဘူး။
セットします
အချိန်ညှိသည် / သတ်မှတ်သည်
Rokuji ni okiru yō ni, tokei o setto shimashita.
→ ၆ နာရီထနိုင်အောင်လို့ နှိုးစက်ပေးထားတယ်။
それでも
အဲဒါတောင်မှ
Atama ga itai desu. Soredemo, benkyō shinakereba narimasen.
→ ခေါင်းကိုက်နေတယ်။ အဲ့ဒါတောင်မှ စာလုပ်ရမယ်။