通帳
ဘဏ်စာအုပ်
Ginkō de atarashiku tsūchō o tsukutta.
→ ဘဏ်မှာ ဘဏ်စာအုပ်အသစ်တစ်ခု လုပ်ခဲ့တယ်။
キャッシュカード
ဘဏ်ကတ် / ATM ကတ်
Kyasshukādo o nakushita node, sugu ginkō ni renraku shita.
→ ATM ကတ် ပျောက်သွားလို့ ဘဏ်ကို ချက်ချင်း ဆက်သွယ်ခဲ့တယ်။
はんこ
တံဆိပ်တုံး
Jūyōna shorui ni hanko o oshimasu.
→ အရေးကြီးတဲ့ စာရွက်စာတမ်းတွေမှာ တံဆိပ်တုံးနှိပ်ပါတယ်။
印鑑
တံဆိပ်တုံး
Ginkō kōza o tsukuru no ni inkan ga hitsuyō da.
→ ဘဏ်အကောင့်ဖွင့်ဖို့ တံဆိပ်တုံး လိုအပ်တယ်။
サイン
လက်မှတ်
Koko ni goshomei (sain) o onegai shimasu.
→ ဒီမှာ လက်မှတ်ရေးထိုးပေးပါ။
千円札
ယန်း ၁၀၀၀ တန် ငွေစက္ကူ
Saifu no naka ni sen'ensatsu ga ichimai shika nai.
→ ပိုက်ဆံအိတ်ထဲမှာ ယန်း ၁၀၀၀ တန် တစ်ရွက်ပဲ ကျန်တော့တယ်။
紙幣
ငွေစက္ကူ
Nihon no shihei wa gizō shinikui to iwarete iru.
→ ဂျပန်ငွေစက္ကူတွေက အတုလုပ်ရခက်တယ်လို့ ဆိုကြတယ်။
(お)札
ငွေစက္ကူ
Komakai okane ga nai node, osatsu de haraimasu.
→ အကြွေမရှိလို့ ငွေစက္ကူနဲ့ ပေးမယ်။
百円玉
ယန်း ၁၀၀ တန် အကြွေစေ့
Jidō hanbaiki de hyakuendama o tsukau.
→ အလိုအလျောက် ရောင်းချစက်မှာ ယန်း ၁၀၀ တန် အကြွေစေ့ကို သုံးတယ်။
硬貨
အကြွေစေ့
Bokinbako ni kōka o ireru.
→ အလှူခံပုံးထဲကို အကြွေစေ့ ထည့်တယ်။
お金を貯める
ငွေစုသည်
Shōrai no tame ni, maitsuki sukoshizutsu okane o tameru.
→ အနာဂတ်အတွက် လစဉ် နည်းနည်းချင်းစီ ငွေစုတယ်။
貯金する
ငွေစုသည်
Kuruma o kau tame ni chokin shite iru.
→ ကားဝယ်ဖို့အတွက် ငွေစုနေတယ်။
預金する
ဘဏ်တွင်ငွေအပ်သည်
Bōnasu o zengaku yokin shita.
→ ဘောနပ်စ် အားလုံးကို ဘဏ်မှာအပ်လိုက်တယ်။
銀行にお金を預ける
ဘဏ်တွင် ငွေအပ်နှံသည်
Taikin o ie ni oku no wa abunai node, ginkō ni azukeru.
→ ပိုက်ဆံအများကြီး အိမ်မှာထားတာ အန္တရာယ်ရှိလို့ ဘဏ်မှာ အပ်ထားတယ်။
給料を引き出す
လစာထုတ်သည်
ATM de kyūryō o hikidashite, yachin o harau.
→ ATM ကနေ လစာထုတ်ပြီး အိမ်လခပေးတယ်။
給料を下ろす
လစာထုတ်သည်
Ginkō ga shimaru mae ni, kyūryō o oroshi ni ikanakya.
→ ဘဏ်မပိတ်ခင် လစာသွားထုတ်ရမယ်။
通帳記入をする
ဘဏ်စာအုပ် အပ်ဒိတ်လုပ်သည်
Zandaka o kakunin suru tame ni tsūchō kinyū o suru.
→ လက်ကျန်ငွေကို စစ်ဆေးဖို့ ဘဏ်စာအုပ် အပ်ဒိတ်လုပ်တယ်။
通帳に記入する
ဘဏ်စာအုပ်ထဲ စာရင်းသွင်းသည်
Kikai ni tsūchō o irete kinyū suru.
→ စက်ထဲကို ဘဏ်စာအုပ်ထည့်ပြီး စာရင်းသွင်းပါတယ်။
暗証番号
လျှို့ဝှက်နံပါတ် / PIN နံပါတ်
Anshō bangō o tanin ni oshiete wa ikenai.
→ လျှို့ဝှက်နံပါတ်ကို တခြားသူတွေကို မပြောပြရဘူး။
銀行の本店
ဘဏ်ရုံးချုပ်
Kono ginkō no honten wa Tōkyō ni arimasu.
→ ဒီဘဏ်ရဲ့ ရုံးချုပ်က တိုကျိုမှာရှိတယ်။
銀行の支店
ဘဏ်ဘဏ်ခွဲ
Jitaku kara ichiban chikai ginkō no shiten e iku.
→ အိမ်ကနေ အနီးဆုံး ဘဏ်ခွဲကို သွားတယ်။
口座を開く
ဘဏ်အကောင့်ဖွင့်သည်
Atarashiku arubaito o hajimeru node, kōza o hiraita.
→ အချိန်ပိုင်းအလုပ်အသစ် စလုပ်မှာမို့လို့ ဘဏ်အကောင့်ဖွင့်ခဲ့တယ်။
振込
ငွေလွှဲခြင်း
Yachin o ginkō furikomi de harau.
→ အိမ်လခကို ဘဏ်ကနေ ငွေလွှဲပြီး ပေးတယ်။
公共料金を支払う
ရေမီးမီတာခ ပေးဆောင်သည်
Konbini de kōkyō ryōkin o shiharau.
→ စတိုးဆိုင်မှာ ရေမီးမီတာခတွေ ပေးဆောင်တယ်။
公共料金
အများပြည်သူသုံး ဝန်ဆောင်ခ / ရေမီးမီတာခ
Saikin, kōkyō ryōkin ga neagari shite kōmatte iru.
→ အခုတလော ရေမီးမီတာခတွေ ဈေးတက်လာလို့ အခက်တွေ့နေရတယ်။
支払い
ငွေပေးချေခြင်း
Shiharai no kigen o sugite shimatta.
→ ငွေပေးချေရမယ့် သတ်မှတ်ရက် ကျော်လွန်သွားပြီ။
手数料がかかる
ဝန်ဆောင်ခ ကျသင့်သည်
Doyōbi ni okane o orosu to, tesūryō ga kakaru.
→ စနေနေ့မှာ ငွေထုတ်ရင် ဝန်ဆောင်ခ ကျသင့်မယ်။
宛名
လက်ခံမည့်သူအမည်
Fūtō no atena o machigaete shimatta.
→ စာအိတ်ပေါ်က လက်ခံမယ့်သူ နာမည်ကို မှားရေးမိသွားတယ်။
送金する
ငွေပို့သည်
Kokyō no ryōshin ni maitsuki sōkin shite iru.
→ ဇာတိက မိဘတွေဆီကို လစဉ် ငွေပို့နေတယ်။
仕送りする
ထောက်ပံ့ငွေ ပို့သည်
Hitorigurashi no musuko ni shiokuri suru.
→ တစ်ယောက်တည်း နေတဲ့ သားဆီကို ထောက်ပံ့ငွေ ပို့ပေးတယ်။
手数料
ဝန်ဆောင်ခ
Furikomi tesūryō o yasuku shitai.
→ ငွေလွှဲခကို သက်သာစေချင်တယ်။
送料がかかる
ပို့ဆောင်ခ ကျသင့်သည်
Intānetto de kaimono o shitara, sōryō ga kakatta.
→ အင်တာနက်ကနေ ဈေးဝယ်တော့ ပို့ဆောင်ခ ကျတယ်။
送料
ပို့ဆောင်ခ
Sōryō komi no nedan o kakunin suru.
→ ပို့ဆောင်ခအပါအဝင် ဈေးနှုန်းကို စစ်ဆေးတယ်။
お金を貯める
ငွေစုဆောင်းသည်
Ryokō no tame ni, kotsukotsu okane o tameru.
→ ခရီးသွားဖို့အတွက် ငွေကို နည်းနည်းချင်းစီ စုဆောင်းတယ်။
お金がたまる
ငွေစုမိလာသည်
Mudazukai o yametara, okane ga tamaru yō ni natta.
→ အလဟဿသုံးစွဲတာကို ရပ်လိုက်တော့ ငွေစုမိလာတယ်။
お金がなくなる
ပိုက်ဆံပြတ်သွားသည်
Kyūryōbi mae de, okane ga nakunatte shimatta.
→ လစာမထွက်ခင် ပိုက်ဆံပြတ်သွားတယ်။