家族そろって
မိသားစုစုံလင်စွာ
Shūmatsu wa kazoku sorotte gaishoku ni ikimasu.
→ စနေတနင်္ဂနွေတွေမှာ မိသားစုစုံစုံလင်လင် အပြင်မှာ သွားစားကြတယ်။
子どもを連れる
ကလေးကို ခေါ်သွားသည်
Kodomo o tsurete, chikaku no kōen e sanpo ni iku.
→ ကလေးကိုခေါ်ပြီး အနီးနားက ပန်းခြံကို လမ်းလျှောက်သွားတယ်။
子ども連れ
ကလေးခေါ်လာခြင်း
Kono resutoran wa kodomodure no okyakusan ga ooi.
→ ဒီစားသောက်ဆိုင်က ကလေးခေါ်လာတဲ့ ဧည့်သည်တွေ များတယ်။
腹がへる
ဗိုက်ဆာသည်
Takusan undō shita node, onaka ga hetta.
→ လေ့ကျင့်ခန်း အများကြီးလုပ်လိုက်လို့ ဗိုက်ဆာသွားတယ်။
外食をする
အပြင်မှာ စားသည်
Kyō wa ryōri o tsukuru no ga mendō na node, gaishoku o shiyō.
→ ဒီနေ့ ဟင်းချက်ရတာ ပျင်းလို့ အပြင်မှာ သွားစားရအောင်။
お昼を食べる
နေ့လယ်စာ စားသည်
Jūniji ni nattara, minna de ohiru o tabemashō.
→ ၁၂ နာရီထိုးရင် အားလုံး နေ့လယ်စာ သွားစားကြရအောင်။
昼食をとる
နေ့လယ်စာ စားသည်
Shigoto ga isogashikute, chūshoku o toru jikan ga nai.
→ အလုပ်တွေရှုပ်နေလို့ နေ့လယ်စာစားဖို့ အချိန်မရှိဘူး။
ランチ
နေ့လယ်စာ
Osharena kafe de ranchi o tanoshimu.
→ စတိုင်ကျတဲ့ ကော်ဖီဆိုင်မှာ နေ့လယ်စာကို မြိန်ရေယှက်ရေ စားတယ်။
雰囲気のいい店
ပတ်ဝန်းကျင်ကောင်းတဲ့ ဆိုင်
Dēto no tame ni, fun'iki no ii mise o yoyaku shita.
→ ဒိတ်လုပ်ဖို့အတွက် ပတ်ဝန်းကျင်ကောင်းတဲ့ ဆိုင်ကို ဘိုကင်လုပ်ခဲ့တယ်။
満席
နေရာပြည့်
Ninki no mise na node, itsu ittemo manseki da.
→ နာမည်ကြီးဆိုင်မို့လို့ ဘယ်အချိန်သွားသွား နေရာပြည့်နေတယ်။
すいている
လူရှင်းသည်
Heijitsu no hiruma wa, resutoran mo suite iru.
→ ရုံးဖွင့်ရက် နေ့ခင်းဘက်ဆိုရင် စားသောက်ဆိုင်တွေလည်း လူရှင်းတယ်။
列に並ぶ
တန်းစီသည်
Rāmen o taberu tame ni, nagai retsu ni naranda.
→ ရာမင်စားဖို့အတွက် ရှည်လျားတဲ့တန်းစီမှာ ဝင်စီခဲ့တယ်။
行列ができる
တန်းစီနေသည်
Atarashiku ōpun shita mise no mae ni, gyōretsu ga dekite iru.
→ အသစ်ဖွင့်တဲ့ဆိုင်ရှေ့မှာ လူတွေတန်းစီနေကြတယ်။
禁煙席
ဆေးလိပ်မသောက်ရသည့်နေရာ
Tabako no kemuri ga nigate na node, kin'enseki o onegai shimasu.
→ ဆေးလိပ်ငွေ့ကို မခံနိုင်လို့ ဆေးလိပ်မသောက်ရတဲ့နေရာကို ပေးပါ။
喫煙席
ဆေးလိပ်သောက်ခွင့်ရှိသောနေရာ
Kitsuenseki shika aite inakatta node, shikatanaku soko ni suwatta.
→ ဆေးလိပ်သောက်ခွင့်ရှိတဲ့နေရာပဲ လွတ်နေလို့ မတတ်နိုင်ဘဲ အဲဒီမှာ ထိုင်လိုက်ရတယ်။
ウエートレスにおすすめを聞く
စားပွဲထိုးကို အကြံပြုဟင်းလျာ မေးသည်
Menyū ga oosugite erabenai node, osusume o kiku.
→ မီနူးတွေက များလွန်းလို့ ရွေးမရတာကြောင့် အကြံပြုဟင်းလျာကို မေးကြည့်မယ်။
量が多い
အများကြီးပါသည်
Kono mise no ryōri wa ryō ga ooi node, onaka ippai ni naru.
→ ဒီဆိုင်က ဟင်းလျာတွေက အများကြီးပါလို့ ဗိုက်အရမ်းတင်းသွားတယ်။
量が少ない
နည်းနည်းပါသည်
Nedan no wari ni ryō ga sukunai to kanjita.
→ ဈေးနှုန်းနဲ့ယှဉ်ရင် အနည်းငယ်ပဲပါတယ်လို့ ခံစားရတယ်။
注文が決まる
မှာယူမည့်အရာကို ဆုံးဖြတ်သည်
Chūmon ga kimattara, yobidashi botan o oshite kudasai.
→ မှာယူမယ့်အရာကို ဆုံးဖြတ်ပြီးရင် ခေါ်တဲ့ခလုတ်ကို နှိပ်ပါ။
注文する
မှာယူသည်
Onaka ga suite ita node, takusan chūmon shite shimatta.
→ ဗိုက်အရမ်းဆာနေလို့ အများကြီး မှားမိသွားတယ်။
注文を取る
မှာယူသည့်အရာကို မှတ်ယူသည် (အော်ဒါကောက်သည်)
Uētoresu ga tēburu ni kite, chūmon o toru.
→ စားပွဲထိုးက စားပွဲဆီလာပြီး အော်ဒါကောက်တယ်။
注文を受ける
အော်ဒါလက်ခံသည်
Denwa de bentō no chūmon o ukeru.
→ ဖုန်းနဲ့ ထမင်းဘူးအော်ဒါကို လက်ခံတယ်။
デザートを追加する
အချိုပွဲ ထပ်မှာသည်
Mada taberaresō na node, dezāto o tsuika shita.
→ စားနိုင်သေးတဲ့ပုံစံရှိလို့ အချိုပွဲ ထပ်မှာလိုက်တယ်။
コーヒーのおかわり
ကော်ဖီ ထပ်ဖြည့်သည်
Kōhī no okawari wa muryō desu node, ikaga desuka.
→ ကော်ဖီထပ်ဖြည့်တာက အခမဲ့မို့လို့ သောက်မလား။
無料
အခမဲ့
Kono resutoran de wa, mizu to ocha wa muryō desu.
→ ဒီစားသောက်ဆိုင်မှာ ရေနဲ့ လက်ဖက်ရည်က အခမဲ့ပါ။
ただ
အလကား / အခမဲ့
Kyanpēnchū na node, dezāto ga tada de moraeta.
→ ပရိုမိုးရှင်းကာလမို့လို့ အချိုပွဲကို အလကားရခဲ့တယ်။
食器を下げる
ပန်းကန်ခွက်ယောက်များကို သိမ်းသည်
Tabe owattara, shokki o sagete kudasai.
→ စားပြီးရင် ပန်းကန်ခွက်ယောက်တွေကို သိမ်းပေးပါ။
料理を残す
အစားအစာ ချန်ထားသည်
Ryō ga ookute tabekirezu, ryōri o nokoshite shimatta.
→ အများကြီးမို့လို့ အကုန်မစားနိုင်ဘဲ အစားအစာ ချန်ထားမိတယ်။
もったいない
နှမြောစရာကောင်းသည်
Taberareru noni suteru no wa mottainai.
→ စားလို့ရတဲ့အရာကို လွှင့်ပစ်တာက နှမြောစရာကောင်းတယ်။
何名様ですか
ဘယ်နှယောက်ပါလဲ
Irasshaimase. Nanmeisama desu ka.
→ ကြိုဆိုပါတယ်။ ဘယ်နှယောက်ပါလဲ။
二人です
နှစ်ယောက်ပါ
Futari desu. Yoyaku wa shite imasen.
→ နှစ်ယောက်ပါ။ ဘိုကင်တော့ မလုပ်ထားပါဘူး။
申し訳ありません
တောင်းပန်ပါတယ်
Omatase shite shimai, taihen mōshiwake arimasen.
→ စောင့်ခိုင်းလိုက်ရတဲ့အတွက် အလွန်တောင်းပန်ပါတယ်။
もう少々お待ちください
ခဏလောက် စောင့်ပေးပါ
Tadaima seki o junbi shite orimasu. Mō shōshō omachi kudasai.
→ အခု နေရာပြင်ဆင်နေပါတယ်။ ခဏလောက် စောင့်ပေးပါ။
お待たせいたしました
စောင့်ိုင်းလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်
Omatase itashimashita. Gochūmon no ryōri desu.
→ စောင့်ိုင်းလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်။ မှာထားတဲ့ ဟင်းလျာပါ။
お待ちどおさま
စောင့်ခိုင်းလိုက်မိပြီ (ရင်းနှီးသော အသုံးအနှုန်း)
Omachidōsama. Atsui uchi ni meshiagare.
→ စောင့်ခိုင်းလိုက်မိပြီ။ ပူတုန်းလေး သုံးဆောင်ပါဦး။