အပိုင်း ၁- Vてある- ~ရှိသည်
ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားသော အခြေအနေ သို့မဟုတ် ရလဒ်ကို ဖော်ပြသည်။
ドアが あけてあります。
→ တံခါးကို ဖွင့်သည်။ တံခါးကို (ရည်ရွယ်ချက်ရှိရှိ) ဖွင့်ထားသည်။
→ စာအိတ်ပေါ်မှာ တံဆိပ်ခေါင်း ကပ်ထားတယ်။
အပိုင်း ၂- V他(た)てある နှင့် V自(じ)ている ကို ခွဲခြားခြင်း
→ ပန်းကန်ထဲမှာ ငါးကို လှီးထားပြီးသားမို့လို့ အခု ဆာရှိမိ လုပ်ကြစို့။
B: ケーキは もう テーブルに おいてありますよ。
→ A: ကိတ်မုန့် ဘယ်မှာလဲ။ B: ကိတ်မုန့်က စားပွဲပေါ်မှာ တင်ထားပြီးပြီ။
အပိုင်း ၃- ~Vておく
၁။ ကြိုတင်ပြင်ဆင်ထားသည်။
၂။ လုပ်ဆောင်ချက်တစ်ခု ပြီးနောက် အခြေအနေကို ကိုင်တွယ်ရန် သို့မဟုတ် ယာယီဖြေရှင်းချက်ပေးရန်။
၃။ အခြေအနေတစ်ခုကို ထိန်းသိမ်းထားရန် သို့မဟုတ် ထိုအတိုင်းထားရန်။
မှတ်ချက်- ကြိယာ おく ကို သင့်လျော်သော ပုံစံများသို့ ပြောင်းလဲနိုင်သည်။
B: 資料を コピーしておきます。
→ A: အစည်းအဝေးမတိုင်ခင် ဘာတွေကြိုလုပ်ထားရမလဲ။ B: စာရွက်စာတမ်းတွေကို မိတ္တူကူးထားမယ်။
B: ホテルを 予約しておいたら いいですよ。
→ A: ခရီးမသွားခင် ဘာတွေကြိုလုပ်ထားရင် ကောင်းမလဲ။ B: ဟိုတယ်ကို ကြိုတင်ဘွတ်ကင်လုပ်ထားရင် ကောင်းပါတယ်။
B: 読んだら、本棚に 戻しておいてください。
→ A: ဒီစာအုပ်ကို ဘယ်လိုလုပ်ရမလဲ။ B: ဖတ်ပြီးရင် စာအုပ်စင်ပေါ် ပြန်တင်ထားပေးပါ။
B: 元の所に しまっておいてください。
→ A: ဓားနဲ့ ခက်ရင်းကို ဘယ်မှာ သိမ်းရမလဲ။ B: မူလနေရာမှာပဲ ပြန်သိမ်းထားပေးပါ။
B: もうすぐ会社に行く時間ですから、そのままに しておいてください。
→ A: ရှင်းလင်းပေးရမလား။ B: အလုပ်သွားရမယ့်အချိန် နီးနေပြီမို့လို့ အဲဒီအတိုင်းပဲ ထားလိုက်ပါ။
B: すみません、ちょっとあついですから、そのままあけておいてください。
→ A: ပြတင်းပေါက် ပိတ်လိုက်လို့ရမလား။ B: ဆောရီးပါ၊ နည်းနည်း ပူနေလို့ အဲဒီအတိုင်းပဲ ဖွင့်ထားပေးပါ။
အပိုင်း ၄- まだ~Vている- ~နေတုန်းပဲ
ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သော အခြေအနေ သို့မဟုတ် လုပ်ဆောင်ချက်ကို ဖော်ပြသည်။
B: いいえ、まだ ふっていますよ。
→ A: မိုးတိတ်သွားပြီလား။ B: ဟင့်အင်း၊ ရွာနေတုန်းပဲ။
B: いいえ、まだ 使っていますから そのままにして おいて ください。
→ A: ဒီကတ်ကြေးကို သိမ်းလိုက်ရမလား။ B: နေပါဦး၊ သုံးနေတုန်းမို့လို့ အဲဒီအတိုင်းပဲ ထားပေးပါ။