必ずしも~とは限らない
မဖြစ်မနေတော့ မဟုတ် / အမြဲတမ်း မဟုတ်
Ichiryū daigaku o deta hito ga, kanarazushimo yūshū to wa kagiranai.
→ နာမည်ကြီးတက္ကသိုလ်က ဘွဲ့ရသူတိုင်း ထူးချွန်တာ မဟုတ်ဘူး။
お金持ちが必ずしも幸福とは限らない
ချမ်းသာသူတိုင်း ပျော်ရွှင်တာ မဟုတ်
Benri na kikai ga, kanarazushimo hito o shiawase ni suru to wa kagiranai.
→ အဆင်ပြေတဲ့စက်တွေက လူကို အမြဲပျော်ရွှင်စေတာ မဟုတ်ဘူး။
必ず
မဖြစ်မနေ / သေချာပေါက်
Doryoku sureba, kanarazu mukuwareru hi ga kuru.
→ ကြိုးစားရင် တစ်နေ့မှာ မဖြစ်မနေ အကျိုးခံစားရမယ်။
人間は必ず死ぬ
လူသားသည် မဖြစ်မနေ သေဆုံးရမည်
Ikiteiru mono wa, itsuka kanarazu shi o mukaeru.
→ အသက်ရှိတဲ့အရာတိုင်း တစ်နေ့မှာ မဖြစ်မနေ သေဆုံးရမယ်။
いつか
တစ်နေ့နေ့ / တစ်ချိန်ချိန်
Itsuka uchū ryokō o shite mitai.
→ တစ်နေ့နေ့ အာကာသခရီး သွားကြည့်ချင်တယ်။
いつかアフリカに行きたい
တစ်နေ့နေ့ အာဖရိကကို သွားချင်တယ်
Itsuka kare ni kono kimochi o tsutaetai.
→ တစ်နေ့နေ့ သူ့ကို ဒီခံစားချက် ပြောချင်တယ်။
ここにはいつか来たことがある
ဒီနေရာကို တစ်ချိန်က လာဖူးတယ်
Sono hanashi, itsuka kiita koto ga aru ki ga suru.
→ အဲဒီအကြောင်းကို တစ်ချိန်က ကြားဖူးသလိုပဲ။
いつまでも
အမြဲတမ်း / ထာဝရ
Itsumademo kako no koto o ki ni shite wa ikenai.
→ အတိတ်ကိစ္စကို အမြဲတမ်း စိတ်မပူနဲ့။
いつまでもお元気で
အမြဲကျန်းမာပါစေ
Itsumademo oshiawase ni kurashite kudasai.
→ အမြဲပျော်ရွှင်စွာ နေထိုင်ပါ။
いつのまにか
မသိလိုက်ခင် / အမှတ်မထင်
Hon o yonde itara, itsunomanika asa ni natteita.
→ စာဖတ်နေရင်း မသိလိုက်ခင် မနက်ဖြစ်သွားတယ်။
いつのまにか夜になった
မသိလိုက်ခင် ညဖြစ်သွားပြီ
Ame wa itsunomanika yandeita.
→ မိုးက မသိလိုက်ခင် ရပ်သွားပြီ။
つい
အမှတ်မထင် / မရည်ရွယ်ဘဲ
Himitsu o tsui shabette shimatta.
→ အမှတ်မထင် လျှို့ဝှက်ချက်ကို ပြောမိသွားတယ်။
ついうそを言ってしまった
အမှတ်မထင် လိမ်ပြောမိသွားတယ်
Hara ga tatte, tsui hidoi koto o itte shimatta.
→ စိတ်ဆိုးလို့ အမှတ်မထင် ဆိုးတဲ့စကား ပြောမိတယ်။
ついに
နောက်ဆုံးတော့
Kare no shōtai ga tsuini bareta.
→ နောက်ဆုံးတော့ သူ့ရဲ့အမှန်တကယ်ပုံစံ ပေါ်သွားတယ်။
ついに絵が完成した
နောက်ဆုံးတော့ ပန်းချီပြီးသွားပြီ
Tsuini nengan no maihōmu o te ni ireta.
→ နောက်ဆုံးတော့ မျှော်လင့်ခဲ့တဲ့ ကိုယ်ပိုင်အိမ်ကို ရခဲ့တယ်။
どうしても
ဘယ်လိုပဲဖြစ်ဖြစ် / မဖြစ်မနေ
Ano hito no koto ga dōshitemo suki ni narenai.
→ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလူကို မကြိုက်နိုင်ဘူး။
用事があってどうしても行けない
ကိစ္စရှိလို့ ဘယ်လိုမှ သွားမရဘူး
Kaze o hiite, dōshitemo koe ga denai.
→ အအေးမိလို့ ဘယ်လိုမှ အသံမထွက်နိုင်ဘူး။
どうしても成功させたい
မဖြစ်မနေ အောင်မြင်စေချင်တယ်
Kono kikaku wa dōshitemo jitsugen sasetai.
→ ဒီအစီအစဉ်ကို မဖြစ်မနေ အကောင်အထည်ဖော်ချင်တယ်။
どうも
တစ်မျိုးတစ်ဖုံ / ထင်ရသည်
Kono keisan wa dōmo machigatteiru yōda.
→ ဒီတွက်ချက်မှုက မှားနေပုံရတယ်။
どうも上手に話せない
ဘယ်လိုမှ ကောင်းကောင်း မပြောနိုင်ဘူး
Hitomae dewa dōmo kinchō shite shimau.
→ လူရှေ့ရောက်ရင် ဘာကြောင့်မှန်းမသိ စိတ်လှုပ်ရှားတယ်။
どうも道に迷ったようだ
လမ်းပျောက်သွားပုံရတယ်
Saifu o dōmo otoshite shimatta rashii.
→ ပိုက်ဆံအိတ် ကျသွားပုံရတယ်။
どうも失礼しました
တကယ်တောင်းပန်ပါတယ်
Omatase shite, dōmo sumimasen deshita.
→ စောင့်ခိုင်းမိလို့ တကယ်တောင်းပန်ပါတယ်။
昨日はどうも
မနေ့ကအတွက် ကျေးဇူးတင်ပါတယ်
Senjitsu wa dōmo gochisōsama deshita.
→ ဟိုတစ်နေ့က ဧည့်ခံကျွေးမွေးမှုအတွက် ကျေးဇူးတင်ပါတယ်။
なんとか
တစ်နည်းနည်းနဲ့
Nantoka shūden ni noru koto ga dekita.
→ တစ်နည်းနည်းနဲ့ နောက်ဆုံးရထားကို မီခဲ့တယ်။
なんとか会議に間に合った
တစ်နည်းနည်းနဲ့ အစည်းအဝေးကို အချိန်မီရောက်ခဲ့တယ်
Nantoka shimekiri ni maniawasetai.
→ တစ်နည်းနည်းနဲ့ နောက်ဆုံးရက်ကို မီချင်တယ်။
この問題をなんとかしなければならない
ဒီပြဿနာကို တစ်နည်းနည်းနဲ့ ဖြေရှင်းရမယ်
Akaji o nantoka shinakereba, kaisha ga tsubureru.
→ အရှုံးကို မဖြေရှင်းရင် ကုမ္ပဏီပျက်မယ်။
どうにか
တစ်နည်းနည်းနဲ့
Dōnika daigaku o sotsugyō dekita.
→ တစ်နည်းနည်းနဲ့ တက္ကသိုလ်ဘွဲ့ရခဲ့တယ်။
なんとなく
ဘာကြောင့်မှန်းမသိ / ဝိုးတဝါး
Kare ga iitai koto ga nantonaku wakaru.
→ သူပြောချင်တာကို ဝိုးတဝါး နားလည်တယ်။
これはなんとなくおもしろそうな本だ
ဘာကြောင့်မှန်းမသိ ဒီစာအုပ် စိတ်ဝင်စားဖို့ကောင်းပုံရတယ်
Kyō wa nantonaku ii koto ga arisō da.
→ ဒီနေ့ ဘာကြောင့်မှန်းမသိ ကောင်းတဲ့အရာဖြစ်မယ်ထင်တယ်။
なんとも~ない
ဘာမှမဖြစ် / လုံးဝမ...
Chūsha nante, nantomonai yo.
→ ဆေးထိုးတာလောက်က ဘာမှမဖြစ်ဘူး။
そんなこと、なんとも思わない
အဲဒီကိစ္စကို ဘာမှမထင်ဘူး
Tanin ni dō miraretemo, watashi wa nantomo omowanai.
→ သူများဘယ်လိုမြင်မြင် ကျွန်တော် မစိုးရိမ်ဘူး။
もし
အကယ်၍
Moshi kare ga konakattara, dō shiyō.
→ သူမလာရင် ဘယ်လိုလုပ်မလဲ။
もしも100万円あったら
ယန်းတစ်သန်းရှိရင်...
Moshimo umarekawareru nara, tori ni naritai.
→ ပြန်မွေးဖွားနိုင်ရင် ငှက်ဖြစ်ချင်တယ်။
もしかしたら
ဖြစ်နိုင်တာက / မသိဘူး
Moshikashitara, kare wa mada shiranai no kamoshirenai.
→ သူ မသိသေးတာ ဖြစ်နိုင်တယ်။
もしかすると
ဖြစ်နိုင်တာက / မသိဘူး
Kagi o otoshita no wa, moshikasuruto eki kamoshirenai.
→ သော့ကို ဘူတာမှာ ကျခဲ့တာ ဖြစ်နိုင်တယ်။
もしかすると、彼の話はうそかもしれない
သူ့စကားက လိမ်တာဖြစ်နိုင်တယ်
Moshikasuruto, kore ga saigo no chansu kamoshirenai.
→ ဒါက နောက်ဆုံးအခွင့်အရေး ဖြစ်နိုင်တယ်။
なるべく
တတ်နိုင်သမျှ
Narubeku zangyō wa shitakunai.
→ ဖြစ်နိုင်ရင် အချိန်ပိုမလုပ်ချင်ဘူး။
なるべく早く来てください
တတ်နိုင်သမျှ စောစောလာပါ
Narubeku gutaiteki ni setsumei shite kudasai.
→ တတ်နိုင်သမျှ တိတိကျကျ ရှင်းပြပါ။
なるほど
အော် ဒီလိုကိုး / နားလည်ပြီ
Naruhodo, sōiu riyū dattan desu ne.
→ အော် ဒီလိုကိုး၊ အဲဒါကြောင့်ကိုး။
確か
မှတ်မိသလောက် / ဖြစ်မယ်ထင်တယ်
Kare no ie wa tashika kono hen datta hazu da.
→ မှတ်မိသလောက် သူ့အိမ်က ဒီနားမှာပဲ။
あの人は、確か林さんのお父さんだと思う
အဲဒီလူက ဟာယာရှီရဲ့အဖေ ဖြစ်မယ်ထင်တယ်
Are wa tashika gonenmae no koto datta.
→ မှတ်မိသလောက် အဲဒါ လွန်ခဲ့တဲ့ ငါးနှစ်ကပါ။
確かに
သေချာပေါက် / အမှန်တကယ်
Tashikani kare wa sainō ga aru ga, doryoku mo shiteiru.
→ သူ့မှာ ပါရမီရှိတာ သေချာပေမယ့် ကြိုးလည်းစားတယ်။
あの人は、確かに林さんのお父さんだ
အဲဒီလူက ဟာယာရှီရဲ့အဖေ သေချာတယ်
Kore wa tashikani watashi ga nakushita tokei desu.
→ ဒါက ကျွန်တော် ပျောက်သွားတဲ့ နာရီ သေချာတယ်။